နန်းဝေေ၀ထွန်း ပြောပြတဲ့ ယူရို ဘောလုံး သတင်းအတိုအထွာများ

  • 8 years ago
နောက်သတင်းပုဒ်မှာတော့ ပိုလန်နဲ့ မြောက်အိုင်ယာလန်အသင်းတို့ရဲ့ပွဲကြိုပြောစကားတွေကိုလည်း တင်ဆက်ပေးဦးမှာပါ။ ဒီကနေညမှာတွေ့ဆုံမယ့် ပိုလန်အသင်းနဲ့ပွဲစဉ်ဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းရဖို့ ယုံကြည်မှုရှိတဲ့အကြောင်း မြောက်အိုင်ယာလန်နည်းပြမိုက်ကယ်အိုနေးလ်က ပြောပါတယ်။ ဒါ့အပြင် ပိုလန် တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးနှစ်ဦးထဲကတစ်ဦးဖြစ်တယ်လို့ချီးကျးလိုက်ပါတယ်။ ။ပိုလန်အသင်းရဲ့အားသာချက်၊အားနည်းချက်တွေကိုလည်းသိရှိထားပြီး အကောင်း ဆုံးပြင်ဆင်ထာပြီးဖြစ်တယ်လို့လည်း မာတင်အိုနေးလ်က ပြောဆိုပါတယ်။ပိုလန်နည်းပြ နာဝယ်လ်ကာကတော့ မြောက်အိုင်ယာလန်အသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်ပေမယ့် ပွဲကစားဖို့ ၁၀၀ရာ ခိုင်နူန်းအဆင်သင်ြ့ဖစ်နေပြီလို့ ဆိုပါတယ်ရှင်။

ဆက်လက်ပြီး ခရိုအေးရှားနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ တူရကီကြယ်ပွင့် ကယ်ဟာနိုဂလူ ကမျှော်လင့်နေတဲ့အကြောင်းကို ရှုစားရဦးမှာပါ။ အသက်၂၂ရှိ ကွင်းလယ်ကစားသမားအနေနဲ့ အသင်းရဲ့လူ စာရင်းကိုကျေနပ်နေပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေအများကြီးရှိတယ်လို့ လည်းကြုံး ၀ါးပြောဆိုလိုက်ပါတယ်။ဒါပေမယ့် ခရိုအေးရှားအသင်းဟာ ပြိုင် ဘက်ကောင်းတစ်သင်းဆိုတာကိုတော့ ၀န်ခံခဲ့ပြီးပုံမှန်ကစားဟန်အတိုင်းကစားနိုင်ပါကနိုင်ပွဲရရှိလိမ့်မယ်လို့ လည်း ကယ်ဟာနိုဂလူက ဆိုပါတယ်။ကယ်ဟာနိုဂလူဟာ တူရကီနဲ့၁၈ပွဲကစားထားပြီး ၆ဂိုးသွင်းယူ ထား သူဖြစ်ပါတယ်။ခရိုအေးရှားနည်းပြကတော့ တူရကီနဲ့ပွဲအတွက်အဆင်သင့်ဖြစ် နေပြီလို့ဆိုခဲ့ပြီးကစား သမားအားလုံးလည်းကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်ပွဲမှာပြောကြားခဲ့ပါတယ်ရှင်။

ဒီဗွီဘီရဲ့ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အထူးအစီအစဉ်ကို တင်ဆက်ပေးနေတာပါ။ နောက်သတင်း တပုဒ်မှာတော့ ဂျာမဏီနဲ့ ကစားမယ့် ပွဲစဉ်အတွက် အစွမ်းကုန် ပေးဆပ်ဖို့ အားခဲထားတယ်လို့ ယူကရိန် တိုက်စစ်မှူး ယာမိုလန်ကိုက ပြောပါတယ်။ အုပ်စု (စီ)မှာ ပါဝင်နေတဲ့ ယူကရိန်းဟာ ဒီညမှာ အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး ဂျာမဏီနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဂျာမနီနဲ့ပွဲ ခက်ခဲမှာကို ကစားသမား အားလုံး နားလည်ထား တယ်လို့ ယူကရိန်းနည်းပြဖိုမန်ကိုက ပြော ကြားလိုက်ပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ယူရိုဖလားမရတာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ် တဲ့အတွက် ဒီနှစ်ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ဖို့ ရည်မှန်းထားလိမ့်မယ်လို့လည်းယူကရိန်းနည်း ပြကသုံး သပ်ပါတယ် ။။ဂျာမနီနည်းပြဂျို အာချင်လိုးကတော့ ယူကရိန်းအသင်းဟာ ကြံ့ခိုင်မှုကောင်း မွန်ပြီးတောင်ပံကစား သမားတွေက လျင်မြန်မှုရှိတဲ့အတွက်တန်1 ပြန်တိုက်စစ်ကိုသတိထားကစားရလိမ့်မယ်လို့ ပြောသွားပါတယ်ရှင်။

Category

🥇
Sports

Recommended