ပေါ်တူဂီအသင်းကို မတူညီသော ကစားပုံမျိုးနဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်လို့ သြစတြီးယားအသင်းနည်းပြ ခိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်ပါတယ်။ပထမပွဲစဉ်မှာ ဟန်ဂေရီကို ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့တုန်းက ပုံစံနဲ့ လုံးဝ ကစားသွားမှာ မဟုတ်ပဲ ကစားသမားတွေကို စိတ်ဓာတ်တွေ တက်ကြွနေအောင် လှုံဆော်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီးအချက် ၃ ချက်ဖြစ်တဲ့ အခွင့်အရေး ကို အသုံးချတာ ရယ်၊စိတ်အေးသက်သာစွာကစားတာရယ်၊ကျစ်လစ်သိပ်သည်းတဲ့ ခံစစ်ရယ် ဆိုပြီး ကစားသွားရင် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း နည်းပြက ပြောပါတယ်။ သြစတြီးယားအသင်း ခေါင်းဆောင်ကတော့ တိုက်စစ်မှူး ရော်နယ်ဒိုကို နှစ်ဆင့်ထပ်ပြီး လူကပ် ကစားသွားမယ်လို့ ဆိုထားပါတယ်ရှင်။
နောက်သတင်းတပုဒ်မှာတော့ ဘောလုံးကစားခြင်းဟာ ဘ၀တစ်ခု ဒါမှမဟုတ် သေခြင်း မဟုတ်တာကြောင့် ကစားသမားတွေ အနေနဲ့ ဖိအားကင်းကင်းနဲ့ ကစားသွားဖို့လိုအပ်တယ်လို့ ဘယ်လ်ဂျီယံနည်းပြ ၀ီလ်မော့်က ပြောဆိုလိုက်တဲ့အကြောင်းကို တင်ဆက်ပေးမှာပါ။ ဘယ်ဂျီယံ နည်းပြက အိုင်ယာလန်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နာမည်ကြီး အီတလီကို ၂ဂိုးပြတ်နဲ့ရှုံးနိမ်ခဲ့ပြီးတဲ့နောက် ဒုတိယပွဲစဉ်ဖြစ်တဲ့ အိုင်ယာလန်နဲ့ပွဲမှာ အနိုင်ကစားဖို့ လိုအပ်နေပါတယ်ရှင်။
ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဘောလုံးကွင်းထဲအထိ မီးကျည်တွေနဲ့ ပစ်ပေါက်တာဟာ အားကစားမှာ အကြမ်းဖက်မှု ကျုးလွန်တာ ဖြစ်တယ်လို့ ခရိုအေးရှားနည်းပြ ပြောပါတယ်။ ခရိုအေရှားနဲ့ ချက်အသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ ခရိုအေးရှား ပရိတ်သတ်တချို့က မီးပန်းတွေနဲ့ ဘောလုံးကွင်းထဲကို ပစ်ပေါက်တာတွေ လုပ်ခဲ့ပါတယ်။ ၂ ဂိုး ၁ဂိုးနဲ့ ခရိုအေးရှားက ပွဲကို ဦးဆောင်နေတုန်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် ပွဲကို ခေတ ရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည် စတင်နိုင်ခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်ရပ် စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ ဒီလို လုပ်တဲ့သူတွေ ခရိုအေးရှားအသင်းကို အားပေးသူ စစ်စစ်တွေ မဟုတ်ပါဘူး။ သူတို့က ဘောလုံး လူရမ်းကားတွေ ဖြစ်တယ်လို့ ခရိုအေးရှား နည်းပြ ကာကစ်က ပြောပါတယ်။

Category
🥇
Sports