DVB - UNFC က NCA မှာ လက်မှတ်ရေးထိုး ဖို့ အစိုးရ ကို အချက် ၈ ချက်တောင်းဆို

  • 8 years ago
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချူပ်မှာ လက်မှတ်ရေးထိုး ဖို့ အစိုးရ ကို အချက် ၈ ချက်တောင်းဆိုထားပါတယ်။

တနိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအချက်တွေကို လိုက်နာမှုမရှိပဲချိုးဖောက်တာတွေရှိရင် ပြည်တွင်းနဲ့ နိုင်ငံတကာက နှစ်ဖက်သဘောတူညီတဲ့ ဥပဒေပညာရှင်တွေနဲ့ တရားသူကြီးတွေပါဝင်တဲ့ ပြဿနာဖြေရှင်းရေး၊ တရားဥပဒေခုံရုံးဖွဲ့စည်းဖြေရှင်းရေးအတွက် ဆုံးဖြတ်မှုခံယူဖို့ ကိုလည်းထည့်သွင်းတောင်းဆိုထားပါတယ်။ ဒါ့အပြင်အဲ့ဒီ့ထဲမှာ နှစ်ဖက်သဘောတူလက်ခံနိုင်တဲ့ နိုင်ငံတကာအစိုးရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အပစ်ခပ်ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီထဲမှာ နိုင်ငံတကာအစိုးရကိုယ်စားလှယ်တွေပါဝင်ဖို့လည်းပါဝင်ပါတယ်။

လက်ရှိမှာ အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော် က ကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်၊ ပါဝင်သင့်ပါဝင်ထိုက်သူများနဲ့ တိုင်းရင်းသားကိုယ်စားလှယ် အစုအဖွဲ ဆိုပြီး ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာပါ။ ယူအန်အက်ဖ်စီ အခု တင်ပြထားတဲ့ အချက် တွေထဲမှာတော့ နိုင်ငံရေးတွေ့ဆုံပွဲအဆင့်ဆင့်မှာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့ အခြားပါဝင်သင့်ပါဝင်ထိုက်တဲ့ အစုအဖွဲ့တွေ ကို သူတို့နဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေမှာသာပါဝင်စေဖို့  တောင်းဆိုထားပါတယ်။

အဲ့ဒီ့အခြေအနေတွေ နဲ့ ပတ်သက်ပြီး ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်နေတဲ့ ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီက (ပူးတွဲအထွေထွေအတွင်းရေးမှူး-၁) ဦးထွန်းဇော်ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

DVB TV - 31.08.2016

Recommended