DVB - ဦးလှဆွေ ဦးဆောင်ပြီး ဂန့်ဂေါမြို့မှာ လှည့်လည်ဆန္ဒပြ

  • 8 years ago
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေနဲ့ ပါတီဝင်တွေ၊ ဇဟောရွာသူ၊ ရွာသား ၂၀၀ လောက်က ဂန့်ဂေါမြို့မှာ ဂန့်ဂေါ-ဇဟောကြိုးတံတားရရှိရေး၊ မြစ်သာမြစ်အရှေ့ဖက်ကမ်း ကားလမ်းဖောက်လုပ်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက် မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဦးလှဆွေ ဦဆောင်းပြီး ဂန့်ဂေါမြို့ထဲ လှည့်လည်ဆန္ဒပြရာမှာ ဇဟောကြိုးတံတား ပြန်လည်ရရှိရေး၊ ဇဟောကြိုးတံတား ဖျက်ဆီးသူ ဒို့ရန်သူ၊ မြစ်သာမြစ် အရှေ့ဖက်လမ်းပြီးမြောက်ရေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

DVB TV - 20.09.2016

Recommended