ရီးရဲလ္ကစားသမားေဟာင္း ဖာနန္ဒိုမိုရီယန္ေတးစ္ နဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္ အတူၾကည့္ရမည္

  • 7 years ago
ZawGyi-

ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္း ဖာနန္ဒိုမိုရီယန္ေတးစ္ က Heineken ႏွင့္အတူ ျမန္မာျပည္ လာေရာက္ၿပီး ျမန္မာပရိသတ္ေတြနဲ႔ အတူ ေဘာလံုးပြဲၾကည့္မယ့္ အစီအစဥ္အေၾကာင္း ဒီကေန႔ ဇြန္လ ၂ ရက္၊ Melia ဟိုတယ္၊ ရန္ကုန္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

Heineken ရဲ႕ Champion The Match အစီအစဥ္အရ လာေရာက္ျခင္း ျဖစ္ၿပီး Melia Hotel ရဲ႕ Eclipse ဘား၊ VIP Fan Zone မွာ ဖာနန္ဒိုမိုရီယန္ေတးစ္ႏွင့္အတူ ေဘာလံုးပြဲ ၾကည့္ခြင့္ရမွာ ျဖစ္ပါတယ္။

ရီးယဲလ္ မက္ဒရစ္ႏွင့္ ဂ်ဴဗင္တပ္အသင္းတို႔ လာမည့္ စေနေန႔ည၊ ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္ကို ဖာနန္ဒိုမိုရီယန္ေတးစ္ႏွင့္အတူ ၾကည့္ရႈခြင့္ရမယ့္ ကံစမ္းမဲအစီအစဥ္မ်ားပါ၀င္ၿပီး ယူေကမွ ကာဒစ္ကြင္းတြင္ ၾကည့္ရႈရသည့္ ခံစားခ်က္မ်ဳိးရရိွေအာင္ ဖန္တီးထားပါတယ္လို႔ ဟန္နီကန္က ဆိုထားပါတယ္။

ဒီကေန႔ ျပဳလုပ္တဲ့ ပြဲမွာ မီဒီယာေတြနဲ႔ အေမးအေျဖျပဳလုပ္ခဲ့ၿပီး သူ႔အေနနဲ႔ မိသားစုနဲ႔ပါ ဒီခရီးကို လာေရာက္ျခင္း ျဖစ္ၿပီး သူ႔အတြက္ ဒီႏိုင္ငံခရီးစဥ္က ပထမဆံုးအႀကိမ္ပါလို႔ မိုရီယန္ေတးစ္က ေျပာပါတယ္။

မိုရီယံေတးဟာ မိသားစုနဲ႔အတူျမန္မာႏိုင္ငံကို လာေရာက္ခဲ့တာျဖစ္ျပီး ေရႊတိဂံုေစတီကို သြားေရာက္ ဖို႔ရွိတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ရန္ကုန္ယူႏိုင္တက္ကြင္းမွာ အေပ်ာ္တမ္းေဘာလံုး ကစားဖို႔လည္းစီစဥ္ထားပါတယ္။ မိုရီယန္ေတးဟာ လီဗာပူးနဲ႔မိုနာကိုအသင္းေတြမွာလည္း ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္မွဴးျဖစ္ပါတယ္။

Unicode -

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ဖာနန်ဒိုမိုရီယန်တေးစ် က Heineken နှင့်အတူ မြန်မာပြည် လာရောက်ပြီး မြန်မာပရိသတ်တွေနဲ့ အတူ ဘောလုံးပွဲကြည့်မယ့် အစီအစဉ်အကြောင်း ဒီကနေ့ ဇွန်လ ၂ ရက်၊ Melia ဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Heineken ရဲ့ Champion The Match အစီအစဉ်အရ လာရောက်ခြင်း ဖြစ်ပြီး Melia Hotel ရဲ့ Eclipse ဘား၊ VIP Fan Zone မှာ ဖာနန်ဒိုမိုရီယန်တေးစ်နှင့်အတူ ဘောလုံးပွဲ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ်နှင့် ဂျူဗင်တပ်အသင်းတို့ လာမည့် စနေနေ့ည၊ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို ဖာနန်ဒိုမိုရီယန်တေးစ်နှင့်အတူ ကြည့်ရှုခွင့်ရမယ့် ကံစမ်းမဲအစီအစဉ်များပါ၀င်ပြီး ယူကေမှ ကာဒစ်ကွင်းတွင် ကြည့်ရှုရသည့် ခံစားချက်မျိုးရရှိအောင် ဖန်တီးထားပါတယ်လို့ ဟန်နီကန်က ဆိုထားပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ပွဲမှာ မီဒီယာတွေနဲ့ အမေးအဖြေပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ မိသားစုနဲ့ပါ ဒီခရီးကို လာရောက်ခြင်း ဖြစ်ပြီး သူ့အတွက် ဒီနိုင်ငံခရီးစဉ်က ပထမဆုံးအကြိမ်ပါလို့ မိုရီယန်တေးစ်က ပြောပါတယ်။

မိုရီယံတေးဟာ မိသားစုနဲ့အတူမြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီး ရွှေတိဂုံစေတီကို သွားရောက် ဖို့ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ရန်ကုန်ယူနိုင်တက်ကွင်းမှာ အပျော်တမ်းဘောလုံး ကစားဖို့လည်းစီစဉ်ထားပါတယ်။ မိုရီယန်တေးဟာ လီဗာပူးနဲ့မိုနာကိုအသင်းတွေမှာလည်း ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

Recommended