ရန်ကုန်- မန္တလေးအထူးရထား ယနေ့ ဧပြီလ (၇) ရက်မှ စတင်ပြေးဆွဲနေ
  • 7 years ago
ZawGyi-
သင်္ကြန်မတိုင်ခင် အသွားအလာများသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းကို အထူးရထားများ နှင့် ယနေ့ ဧပြီလ ၇ ရက်နေ့က စတင်ပြေးဆွဲနေပြီဟု မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနခွဲ တိုင်းအမှတ် (၇) က တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။
“လက်မှတ်ခဈေးနှုန်းများကတော့ သင်္ကြန်မတိုင်ခင်မှာပဲဖြစ်စေ၊ သင်္ကြန်တွင်းမှာပဲဖြစ်စေ၊ သင်္ကြန်အပြီးမှာပဲ ဖြစ်စေ လက်ရှိ Highway ပြေးနေတဲ့ ရထားအားလုံးရဲ့ ရထားလက်မှတ်ခသည် ယခင်အတိုင်းပဲ ဖြစ်ပါတယ်” ဟု ဦးဇော်လွင်က ပြောသည်။
Unicode-
သင်္ကြန်မတိုင်ခင် အသွားအလာများသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းကို အထူးရထားများ နှင့် ယနေ့ ဧပြီလ ရ ရက်နေ့က စတင်ပြေးဆွဲနေပြီဟု မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနခွဲ တိုင်းအမှတ် (၇) က တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။
ယနေ့စတင် ပြေးဆွဲပေးသည့် ရထားသည် နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း နေရပ်ပြန်မည့်သူများ အဆင်ပြေရန် ထပ်တိုးပြေးဆွဲပေးခြင်းဖြစ်သည်။ ထို့အပြင်လက်ရှိတွင် ပုံမှန်ပြေးဆွဲနေသည့် ရထားများလည်း ရှိပြီး အထူးရထားများကို ဧပြီလ ရ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ပြေးဆွဲပေးမည်ဖြစ်သည်။
“လက်မှတ်ခစျေးနှုန်းများကတော့ သင်္ကြန်မတိုင်ခင်မှာပဲဖြစ်စေ၊ သင်္ကြန်တွင်းမှာပဲဖြစ်စေ၊ သင်္ကြန်အပြီးမှာပဲ ဖြစ်စေ လက်ရှိ Highway ပြေးနေတဲ့ ရထားအားလုံးရဲ့ ရထားလက်မှတ်ခသည် ယခင်အတိုင်းပဲ ဖြစ်ပါတယ်” ဟု ဦးဇော်လွင်က ပြောသည်။
မြန်မာ့မီးရထားအနေနှင့် သင်္ကြန်ရက်အတွင်း ရန်ကုန်-မန္တလေးရထား လမ်းပိုင်း နင့် နေပြည်တော်၊ ပုဂံ လမ်းကြောင်းများကို ရထား၂စီးစီ လျော့ချ ပြေးဆွဲသွားမည် ဖြစ်သည်။ ထို့အပြင် သင်္ကြန်ပြီး ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ အထူးရထားများကို ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
Recommended