ေရကစားမ႑ပ္မ်ားအတြက္ ၿမိဳ႕ေတာ္စည္ပင္မွ သတ္မွတ္ႏႈန္းျဖင့္ ေရသြယ္ႏိုင္

  • 7 years ago
ZawGyi-
၂၀၁၇ မဟာသႀကၤန္ကာလအတြင္း ေရကစားမ႑ပ္မ်ားအတြက္ ေရေပးေဝရာတြင္ သတ္မွတ္ႏႈန္းျဖင့္ ၿမိဳ႕ေတာ္စည္ပင္မွ ေရပိုက္သြယ္ႏိုင္သလို မိမိအစီအစဥ္ျဖင့္ လည္း ေရသံုးစြဲႏိုင္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

“ကန္ေတာ္ႀကီး၊ အင္းလ်ားကန္နဲ႔ နီးတဲ့ မ႑ပ္ေတြရိွရင္ ကန္ေတာ္ႀကီးကေနလည္း ေရေပးသလို အင္းလ်ားကန္ကေနလည္း သံုးစြဲခြင့္ေပးထားတယ္။ အဲ့လိုမနီးတဲ့ ေနရာေတြက်ေတာ့ စည္ပင္သာယာကေန ဌာနပိုင္ ေရပိုက္ေတြကေန သြယ္မယ္ဆိုရင္ တစ္လက္မကို ဘယ္ေလာက္ႏႈန္းဆိုၿပီး ခြင့္ျပဳေပးတာ ရိွတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား)မွ ဌာနစုမွဴး ဦးသန္းဟုတ္က မဇၥ်ိမကို ေျပာသည္။

စည္ပင္ပိုင္ေရပိုက္ကေန ေရသြယ္မည္ဆိုပါက သတ္မွတ္ႏႈန္းထားမ်ားႏွင့္ ခြင့္ျပဳေပးထားၿပီး ကန္ေတာ္ႀကီး၊ အင္းလ်ားကန္မွ သတ္မွတ္ထားသည့္ ႏႈန္းမ်ားအတိုင္း ခြင့္ျပဳခ်က္ေပးသြားမည္ ျဖစ္သည္။

ထို႔ျပင္ ေရမရိွေသာေနရာမ်ားတြင္မူ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အဝီစိတြင္းမ်ားတူးၿပီး သံုးတာမ်ိဳးလည္း ရိွေၾကာင္း ဦးသန္းဟုတ္က ေျပာသည္။
မ႑ပ္ေတြ ေရကစားရာမွာ ေျမေအာက္ေရပိုက္လိုင္းမ်ား၊ မီးသတ္ဦးစီးဌာနက အသံုးျပဳထားသည့္ သီးသန္႔ေရပိုက္လိုင္းမ်ားကို သံုးစြဲတာမ်ိဳးမရွိေအာင္ မ႑ပ္တာ၀န္ရိွသူေတြက ၾကပ္မတ္ေဆာင္ရြက္ေပးရမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီကေန ထုတ္ျပန္ထားသည့္ မ႑ပ္ေလွ်ာက္ထားသူမ်ား လိုက္နာရမည့္ စည္းကမ္းခ်က္ ၄၅ခ်က္တြင္း ေဖာ္ျပထားသည္။
၂၀၁၇ မဟာသႀကၤန္ကာလအတြက္ မ႑ပ္စုစုေပါင္း ၈၂ခု ေဆာက္လုပ္ခြင့္ရရိွထားၿပီးျဖစ္သည္။

Unicode-
၂၀၁၇ မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များအတွက် ရေပေးဝေရာတွင် သတ်မှတ်နှုန်းဖြင့် မြို့တော်စည်ပင်မှ ရေပိုက်သွယ်နိုင်သလို မိမိအစီအစဉ်ဖြင့် လည်း ရေသုံးစွဲနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ကန်တော်ကြီး၊ အင်းလျားကန်နဲ့ နီးတဲ့ မဏ္ဍပ်တွေရှိရင် ကန်တော်ကြီးကနေလည်း ရေပေးသလို အင်းလျားကန်ကနေလည်း သုံးစွဲခွင့်ပေးထားတယ်။ အဲ့လိုမနီးတဲ့ နေရာတွေကျတော့ စည်ပင်သာယာကနေ ဌာနပိုင် ရေပိုက်တွေကနေ သွယ်မယ်ဆိုရင် တစ်လက်မကို ဘယ်လောက်နှုန်းဆိုပြီး ခွင့်ပြုပေးတာ ရှိတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနစုမှူး ဦးသန်းဟုတ်က မဇ္စျိမကို ပြောသည်။

စည်ပင်ပိုင်ရေပိုက်ကနေ ရေသွယ်မည်ဆိုပါက သတ်မှတ်နှုန်းထားများနှင့် ခွင့်ပြုပေးထားပြီး ကန်တော်ကြီး၊ အင်းလျားကန်မှ သတ်မှတ်ထားသည့် နှုန်းများအတိုင်း ခွင့်ပြုချက်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ရေမရှိသောနေရာများတွင်မူ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဝီစိတွင်းများတူးပြီး သုံးတာမျိုးလည်း ရှိကြောင်း ဦးသန်းဟုတ်က ပြောသည်။
မဏ္ဍပ်တွေ ရေကစားရာမှာ မြေအောက်ရေပိုက်လိုင်းများ၊ မီးသတ်ဦးစီးဌာနက အသုံးပြုထားသည့် သီးသန့်ရေပိုက်လိုင်းများကို သုံးစွဲတာမျိုးမရှိအောင် မဏ္ဍပ်တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ပေးရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ထုတ်ပြန်ထားသည့် မဏ္ဍပ်လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းချက် ၄၅ချက်တွင်း ဖော်ပြထားသည်။
၂၀၁၇ မဟာသင်္ကြန်ကာလအတွက် မဏ္ဍပ်စုစုပေါင်း ၈၂ခု ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်သည်။

Recommended