အကယ္ဒမီေပးပြဲတြင္ တစ္သက္တာ႐ုပ္ရွင္ထူးခြ်န္ဆု ပါဝင္သင့္သည္ဟု ဒါ႐ိုက္တာၾကည္စိုးထြန္း ေျပာ

  • 7 years ago
ZawGyi-
ျမန္မာ့႐ုပ္ရွင္ထူးခြ်န္ဆု ေပးသည့္စာရင္းတြင္ တစ္သက္တာ႐ုပ္ရွင္ဆုကို အခါအားေလ်ာ္စြာ ေပးအပ္ခ်ီးျမႇင့္သင့္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုး နာယက ဒါ႐ိုက္တာၾကည္စိုးထြန္းက ေျပာသည္။ ျမန္မာ့႐ုပ္ရွင္သမိုင္းတြင္ ေက်းဇူးႀကီးမားသည့္ ဝါရင့္အႏုပညာရွင္မ်ားကို ႏိုင္ငံေတာ္အဆင့္ ထူးခြ်န္ဆုေပးသင့္သည္ဟု ၎ကေျပာသည္။

“ဦးေက်ာ္ဆန္း ဝန္ႀကီးျဖစ္တုန္းက ကိုယ္ေျပာဖူးတယ္။ ဦးတင္ယုကိုေပးခ်င္တယ္ ဆိုတဲ့အခါ ခင္ဗ်ားတို႔အစည္းအရံုးကပဲ ေပးပါဆိုေတာ့ အစည္းအ႐ံုးကေပးတာနဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ေပးတာမတူဘူးေလ။ အကယ္ဒမီေပးပြဲမွာေပးတာနဲ႔႔ သပ္သပ္ေပးတာကလည္း မတူဘူးေလ။ အကယ္ဒမီေပးပြဲမွာ တစ္သက္တာဆုေပးတယ္ဆိုေတာ့ ပိုေကာင္းတာေပါ့” ဟု ဒါ႐ိုက္တာၾကည္စိုးထြန္းက ေျပာသည္။

ျမန္မာ့႐ုပ္ရွင္သမိုင္းတြင္ တစ္သက္တာ႐ုပ္ရွင္ဆုပံုစံမ်ိဳး ေအဝမ္းေမာင္တင္ယုႏွင့္ ဗိုလ္ကေလးတင့္ေအာင္ကို ေပးခဲ့ၾကေသာ္လည္း ႏိုင္ငံေတာ္အဆင့္အေနျဖင့္ အကယ္ဒမီေပးပြဲတြင္ ေပးအပ္ခဲ့ျခင္းမဟုတ္ေပ။ ဦးတင္ယုကိုေလးစားသူမ်ားက စုေပါင္းေပးအပ္ခဲ့ၾကျခင္းျဖစ္သည္။

Unicode-
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးသည့်စာရင်းတွင် တစ်သက်တာရုပ်ရှင်ဆုကို အခါအားလျော်စွာ ပေးအပ်ချီးမြှင့်သင့်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာကြည်စိုးထွန်းက ပြောသည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ကျေးဇူးကြီးမားသည့် ဝါရင့်အနုပညာရှင်များကို နိုင်ငံတော်အဆင့် ထူးချွန်ဆုပေးသင့်သည်ဟု ၎င်းကပြောသည်။

“ဦးကျော်ဆန်း ဝန်ကြီးဖြစ်တုန်းက ကိုယ်ပြောဖူးတယ်။ ဦးတင်ယုကိုပေးချင်တယ် ဆိုတဲ့အခါ ခင်ဗျားတို့အစည်းအရုံးကပဲ ပေးပါဆိုတော့ အစည်းအရုံးကပေးတာနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပေးတာမတူဘူးလေ။ အကယ်ဒမီပေးပွဲမှာပေးတာနဲ့့ သပ်သပ်ပေးတာကလည်း မတူဘူးလေ။ အကယ်ဒမီပေးပွဲမှာ တစ်သက်တာဆုပေးတယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောသည်။

မြန်မာ့ရုပ်ရှင်သမိုင်းတွင် တစ်သက်တာရုပ်ရှင်ဆုပုံစံမျိုး အေဝမ်းမောင်တင်ယုနှင့် ဗိုလ်ကလေးတင့်အောင်ကို ပေးခဲ့ကြသော်လည်း နိုင်ငံတော်အဆင့်အနေဖြင့် အကယ်ဒမီပေးပွဲတွင် ပေးအပ်ခဲ့ခြင်းမဟုတ်ပေ။ ဦးတင်ယုကိုလေးစားသူများက စုပေါင်းပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

Recommended