ပြည်တွင်းက စက်မှုဇုန်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာ နည်းပညာ လိုအပ်ချက်တွေ ရှိနေသေးသလို အရင်းအနှီးပမာဏကလည်း မြင့်မားနေတာကလည်း စက်ရုံ လုပ်ငန်းရှင်တွေကြားမှာ ကြုံတွေနေရတဲ့ အခက်အခဲတစ်ခုပါ။
နည်းပညာနဲ့ ငွေအရင်းအနှီးအားနည်းမှုတွေကြောင့် စက်ရုံအများစုက စက်ရုံတွင်း စွန့် ပစ်ရေတွေကို စက်မှုဇုန်ရေမြောင်းတွေကနေတဆင့် မြစ်အတွင်းထဲကို စွန့်ပစ်နေကြတာပါ။
ရင်းနှီးမြှပ်နှံသူတွေ အနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ပြန်လည်သန့်စင်ပြီးမှာ စွန့်ပစ်နိုင်ဖို့အတွက် ငွေအရင်းအနှီးလိုသလို မြေဧက အကျယ်အဝန်း လည်းလိုအပ် နေတာကြောင့် ရန်ကုန်မြို့လို မြေဈေးမြင့်မားတဲ့ စက်မှုဇုံတွေအတွက် အခက် အခဲဖြစ် စေတယ်လို့ မြန်မာနိုင်ငံစားသောက်ကုန်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးစိန်သောင်းဦးက ပြောပြလာပါတယ်။ မထက်ထက်အောင်က တင်ပြပေးထားပါတယ်။

Category
🗞
News