တစ်ချိန်ကတော့ ဒီနေရာမှာ အိမ်ခြေတစ်ရာကျော်ရှိခဲ့တယ်။ ဘုန်းကြီးကျောင်း၊ ရဲစခန်းနဲ့ စာသင်ကျောင်းတွေလည်း ရှိခဲ့တယ်။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အင်မတန်စည်ကားခဲ့တယ်။ ခုတော့လည်း ဒီနေရာလေးဟာ လူတွေစွန့်ခွာကုန်လို့ တဲငယ်လေး သုံး လေးလုံးလောက်သာ ရှိတော့တယ်။ ဒါကလည်း မိုးမကျခင်လေးမှာ ကိုယ်ကျွမ်းကျင်ရာ ရေလုပ်ငန်းလေးလာလုပ်တဲ့သူတွေနေတဲ့တဲနဲ့ ပင်လယ်လိပ်စောင့်တဲတွေ ..။ ဒီကျွန်းဆီကို Tasty Trip အဖွဲ့သားတွေ စက်လှေတစ်စီးနဲ့ရောက်ခဲ့ပြန်ပါပြီ။
Category
🗞
News