TASTY TRIP_ ဓနုတို့မြေ

  • 7 years ago
ဓနုတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ရွာငံမြို့ကို Tasty Trip အဖွဲ့သားတွေ ရောက်ခဲ့ကြပါတယ်။ ဒီနေရာလေးဟာ တိတ်ဆိတ်အေးချမ်းတယ်။ ကြည်လင်ပြာလဲ့နေတဲ့ မြသပိတ်ရေပြာအိုင်ရှိတယ်။ လတ်ဆတ်တဲ့ ခြံထွက်သီးနှံတွေကို ချက်ပြုတ်ကျွေးမွေးကြတယ်။ ရာဇ၀တ်မှုဆိုတာ ရှာမှရှားလို့ဆိုရလောက်အောင် နည်းပါးလှတယ်။ ၀ါဆိုမှာလှိုင်လှိုင်ပေါ်တတ်တဲ့ ပန်းထိမ်ငိုပန်းခင်းတွေရှိတယ်။ ရွာငံမြို့ကို သွားတဲ့တစ်လျှောက်ဟာလည်း အိပ်ချင်စိတ်ကို မေ့လျော့သွားတဲ့အထိ လှပတယ်။

Recommended