• 7 years ago
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဌာန်းထားပြီးဖြစ်ပေမယ့် သိရှိနားလည်မှု ၊လိုက်နာမှု၊ အရေးယူမှုအားနည်းနေသေးတယ်လို့ မေလ ၃၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၆ခုနှစ် ကမ္ဘာဆေးလိပ်မသောက်ရေးနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ဒေါက်တာ လင်းထွဋ် က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကိုတားမြစ်တာတွေ ဆေးလိပ်အရောင်းမြှင့်တင်ရေး အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာတာတွေကို တားမြစ်တာတွေ အစရှိတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ကမ္ဘာဆေးလိပ်မသောက်သုံးသူများနေ့ အခမ်းအနားမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ သယံဇာတ၊သတ္တုနှင့်သစ်တောဝန်ကြီး ဒေါက်တာညီညီအောင် ၊ ဘဏ္ဍာဝန်ကြီး ဦးစိုင်းရှန်တစ် နှင့်ပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့မှ ဆေးလိပ်မသောက်သုံးရေး လုပ်ရှားမှု ကမ်ပိန်းပိုစတာတွင် အမှတ်တရ စာများပါဝင်ရေးသားခဲ့ကြပါတယ်။

Category

🗞
News

Recommended