လူ ၅ဦးသေဆုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့လှည့်ခရီးသည်တင် ရေယာဉ်မီးလောင်မှု

  • 7 years ago
အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့မနက်အစောပိုင်းက ကမ္ဘာလှည့်ခရီးသည်တင်ရေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၅ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ခန့်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါလှေဟာ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြောက်ဘက် ကျွန်းဆီကို ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာခဲ့တဲ့ လှေဖြစ်ပြီး မအူရာဆိပ်ကမ်းကအထွက်မှာ လှေအင်ဂျင်မှာ ဝါယာရှော့လို့ယူဆရတဲ့ လောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့တာပါ။ ဒီလောင်ကျွမ်းမှုဖြစ်ပွားရာကနေ သဘောင်္တစ်စီးလုံးကို မီးကူးဆက်လောင်ကျွမ်းသွားရတာပါ။

Recommended