• 7 years ago
ရန်ကုန်မြို့ရဲ့ ပထမဆုံး စာအုပ်ဈေးတန်းကို ဇန်န၀ါရီ ၇ ရက်မှာ သိမ်ဖြူလမ်းမှာ စတင်ဖွင့်လှစ်မှာပါ။ ဇန်န၀ါရီလ ပထမအပတ်မှစတင်ပြီး အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားမှာဖြစ်ပြီး မိုးမစခင် အချိန်ထိ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ဈေးတန်းမှာ ရောင်းချမယ့်သူတွေ အနေနဲ့ ၀န်ထုပ်ဝန်ပိုး မဖြစ်အောင် စနေနေ့ကျရင် စာအုပ်တွေကို ဆိုင်ခန်းမှာပဲသိမ်းဆည်းထားခဲ့လို့ရပြီး ညလုံခြုံရေးတွေ ချထားမှာဖြစ်တယ်လို့သိရပါတယ်။ တနင်္ဂနွေညကျရင် ဆိုင်ခန်းတွေ အကုန်သိမ်းပေးရမှာဖြစ်ပြီး အပတ်စဉ် စည်းကမ်းတကျ ရောင်းချနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး

Category

🗞
News

Recommended