မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ရဲ့ အနေအထားတွေကို မေးမြန်းတဲ့ မစ္စရန်ဟီးလီ

  • 7 years ago
ရခိုင်နဲ့ကချင်မှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေနေတွေ၊ အကျဉ်းစခန်းတွေရဲ့အခြေနေတွေကို ကော်မရှင် အနေနဲ့ ဘယ်လိုပုံစံနဲ့ဆောင်ရွက်နေတယ်ဆိုတာကို ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီက မေးမြန်းခဲ့ပါတယ်။ မစ္စရန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ရုံးကိုလာရောက်ခဲ့တာပါ။ မစ္စရန်ဟီးလီက ဒီကနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ NRPC ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်၊ အင်းစိန် အကျဉ်းဦးစီးတို့ကို သွားရောက်ခဲ့ပြီး ညနေပိုင်းမှာ ရခိုင်ကိုသွားရောက်မှာဖြစ်ပါတယ်။ မစ္စရန်ဟီးလီဟာ ကချင်ပြည်နယ်ကစစ်ဘေးရှောင်စခန်း၊ ဇင်းကျိုက်က အကျဉ်းဦးစီး ကုန်ထုတ်စခန်းတွေကိုလည်း သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ မစ္စရန်ဟီးလီရဲ့ ယခုခရီးစဉ်က မြန်မာနိုင်ငံကို ၅ကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်

Recommended