• 7 years ago
တေးသံရှင် ဇွဲပြည့်ရဲ့ ဒုတိယမြောက်အခွေ ခိုလှုံရာ Audio CD ကို လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ မှာ The Sun Music Production ကနေ ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။ဒီအခွေထဲမှာ အရင်ကအောင်မြင်ခဲ့တဲ့သီချင်းတွေကို Version ပြောင်းလဲသီဆိုထားသလို ပရိသတ်တွေလက်ခံစေဖို့အတွက် သီချင်းဟောင်းတွေပြန်လည်သီဆိုမှုအပေါ် ရင်ခုန်မိတယ်လို့ တေးသံရှင် ဇွဲပြည့်က ဆိုပါတယ်။တေးသံရှင်ဇွဲပြည်ရဲ့ ခိုလှုံရာအခွေမှာတော့ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး ဝိုင်းစုခိုင်သိန်းက Feacturing အနေနဲ့ ပါဝင်သီဆိုပေးထားပါတယ်။အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ သီချင်းဟာ သူ့အတွက် နာမည်တစ်ခုရစေခဲ့သလို ဒုတိယအခွေ MTV အတွက်လည်း အကောင်းဆုံးကြိုးစားထားတယ်လို့ဆိုပါတယ်။အခွေဖြန့်ချိတဲ့နေ့မှာပဲ ရန်ကုန်မြို့၊ ဒဂုံစင်တာမှာ ပရိသတ်တွေနဲ့အတူ အမှတ်တရလက်မှတ်ရေးထိုးပြီး တေးသံရှင်များစွာ လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended