ငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲ မကွေးမှာ ပြုလုပ်

  • 7 years ago
မကွေးတိုင်း လူငယ်ကွန်ရက်က စီစဉ်ကျင်းပတဲ့ "ငြိမ်းချမ်းရေး အတွက် လူငယ်အသံ" ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲကို မကွေးမြို့က ဧရာဝတီမြစ် သဲသောင်ပြင်မှာပြုလုပ်ခဲ့ပါတယ်။ မကွေးတိုင်း လူငယ်ကွန်ရက် အဖွဲ့နဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး ဖေဖေါ်ဝါရီ(၈)ရက် ညနေမှာ ကျင်ပခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက် ပြည်သူ့အသံပွဲမှာ ငြိမ်းချမ်းရေး သီချင်း သီဆိုတာ၊ ကဗျာရွတ်တာ၊ စကားရည်လုပွဲနဲ့ ငြိမ်းချမ်းရေး မိုးပျံပူပေါင်း လွှင့်တင်တာတွေလဲ ပြုလုပ်ခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - မိုးကျော်

Recommended