• 7 years ago
စစ်ဘေးသင့်ပြည်သူတွေ အတွက် ဂျပန်အခြေစိုက် နီပွန်ဖောင်ဒေးရှင်းက တည်ဆောက်ပေးတဲ့ နေအိမ် အလုံး တစ်ရာကို ဒီနေ့လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီနေ့ မတ် ၁၀ရက်မှာ ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ ပြုလုပ်ခဲ့တာပါ။ ပဋိပက္ခ ဖြစ်ပွားခဲ့ရာဒေသက ပြည်သူတွေ အတွက် ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသရွေ့ကူညီသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
ရုပ်သံသတင်းထောက်- ထက်အာကာ

Category

🗞
News

Recommended