• 7 years ago
နိုင်ငံတကာမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အလှမယ်တွေ အတွက် အလှမယ် တစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ၊ ရည်ရွယ်ချက်တွေနဲ့အတူ ပြိုင်ပွဲရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်တတ်စေဖို့ အတွက် Road to Miss Myanmar International 2017 ဆွေးနွေးပွဲတွေကို မြို့နယ်အသီးသီးမှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။ Miss Myanmar International 2012 အလှမယ် နန်းခင်ဇေယျာ၊ Miss Myanmar International 2013 အလှမယ် ဂုဏ်ရည်အေးကျော်၊ Miss Myanmar International 2015 အလှမယ် အမရာငြိမ်း တို့က အလှမယ်တွေနဲ့ ပရဟိတကဏ္ဍ၊ဘီကီနီဝတ် ယှဉ်ပြိုင်ရခြင်းရဲ့ ရိုက်ခတ်မှုတွေအပေါ် အတွေးအမြင်ခံစားချက် စတာတွေကို မျှဝေခဲ့ကြပြီး အလှမယ်ဖြစ်ဖို့ စိတ်ပါဝင်စားသူတွေ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ Road to Miss Myanmar International ဆွေးနွေးမှုတွေကို မေလအထိ မြို့နယ်အသီးသီးမှာ ပြုလုပ်ဖို့ စီစဉ်နေပြီး ပြိုင်ပွဲကိုတော့ ၂၀၁၇ စက်တင်ဘာလမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended