ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲကော်မရှင်ကို ဘာကြောင့် စောင့်ကြည့်မှာလဲ

  • 7 years ago
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒီချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်တို့ကို အရေးယူပေးဖို့ တိုင်ကြားထားတဲ့ အပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်မှု ကြည့်ပြီး လွှတ်တော် ကို ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ( ပြည်ခိုင်ဖြိုး)က တင်ပြသွားမယ်လို့သိရပါတယ်။ ဒီနေ့ နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောလိုက်တာပါ။ လွှတ်တော်ကို တင်ပြတဲ့နေရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တုန့်ပြန်မှုအပေါ်မူတည်ပြီး မေးခွန်း ဒါမှမဟုတ် အဆို အဖြစ် ပြည်ခိုင်ဖြိုးက တင်ပြသွားမှာဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မျှမျှတတ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ကြောင်း ဦးလှသိန်းက သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Recommended