The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ ဆောင်ပါးရှင် တို့ အာမခံ ပယ်ချခံရ

  • 7 years ago
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ နှစ်ဦးအတွက် အာမခံ လျှောက်ထားမှုကို ဒီနေ့ ဇွန်လ ၈ ရက်မှာ ဗဟန်းတရားရုံးက ပယ်ချလိုက်ပါတယ်။ ကျည်ထောင်စု သစ္စာ သရော်စာ ဆောင်းပါးကို The Voice သတင်းစာရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အဲဒီဆောင်းပါးဟာ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ တပ်နယ်မှူး ၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက သတင်းစာရဲ့ အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဲဒီတိုင်ကြားမှုကြောင့် ဗဟန်းရဲစခန်းက The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ဗဟန်းရဲစခန်းမှာ မေးမြန်းစရာ ရှိတယ်လို့ ဆိုကာ ခေါ်ဆောင်သွားပြီး တခါတည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ အခု ရုံးချိန်းဟာ ဒုတိယအကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး လာမယ့် ဇွန်လ ၁၆ ရက်နေ့ တတိယ အကြိမ်မြောက် ရုံးချိန်းမှာ အာမခံ ထပ်မံတင်လျှောက်သွားမယ်လို့ သိရပါတယ်။


ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended