နိုင်ငံရေးအကျဉ်းသားအရေး ပြည်ထဲရေးဒုဝန်ကြီး ဘာပြောလိုက်လဲ

  • 7 years ago
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးတစ်ယောက်မကျန် လွှတ်ပေးဖို့ အစီအစဉ်ရှိမရှိကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီးပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားရှိတဲ့ ပြစ်ဒဏ်ကျခံ့နေရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ပုဒ်မခွဲ(က၊ခ)တို့အရ သင့်တော်တဲ့ အချိန်အခါတွေမှာ ဆောင်ရွက်ပေးနေပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပာယ်ဖော်နိုင်ဖို့အတွက် ယခင်အစိုးရလက်ထက်ကတည်းက အရပ်ဖက်လူမှုရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ အချို့က ကိုယ်စားလှယ်တွေနဲ့ အစိုးရ၀န်ကြီးဌာနက ကိုယ်စာလှယ်တွေ ပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပေးမယ့် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတကြီးတို့အနေနဲ့ပြည်ထဲရေးဝန်ကြီးဌာနကို ညှိုနှိုင်းပြီး ဒီအစိုးရသက်တမ်း အတွင်းမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မကျန် လွှတ်ပေးရေးကို လုပ်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့ မေးခွန်ရှင် ဦးကျော်ကျော်က ပြောပါတယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ခြောက်ကြိမ်မြောက်အဖြစ် မေလ ၂၃ ရက်နေ့က လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Category

🗞
News

Recommended