ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံထားရတဲ့ The Voice အယ်ဒီတာချုပ်ရဲ့ အာမခံ ထပ်ပယ်ချခံရ

  • 7 years ago
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံလျှောက်ထားမှုကို ထပ်မံပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ The Voice အမှုကို လေးကြိမ်မြောက်ရုံးချိန်းအဖြစ် ဗဟန်းမြို့နယ် တရားရုံး မှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး တရားလို ဖြစ်တဲ့ ဒုတိယဗိုလ်မှုးကြီး လာရောက်စစ်ဆေးခံခဲ့တယ်လို့ ဦးကျော် မင်းဆွေရဲ့ ရှေ့နေ့က ပြောပါတယ်။

ဦးကျော်မင်းဆွေရဲ့ ရှေ့နေကတော့ ဒီကနေ့ ရုံးချိန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မဟုတ်ဘဲ သတင်းမီဒီယာ ဥပဒေနဲ့သာ စွဲဆိုသင့်တယ်ဆိုတာကို တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တယ်လို့ ဆို ပါတယ်။

အခုဦးကျော်မင်းဆွေ ရင်ဆိုင်နေရတဲ့အမှုသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ )နဲလုံးဝသတ်ဆိုင်ခြင်း မရှိဘူး. ဒါဟာ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့သာလျှင် စွဲဆိုရမှာဖြစ်တယ်။ အဲဒီ ပုဒ်မနဲ့သာ စွဲဆိုမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ဒဏ်ငွေ ဆယ်သိန်းပဲ ကျခ့ရမှာဖြစ်တဲ့အတွက် အခုလို အပြစ် ရှိ မရှိ မသေချာခင်မှာ ဦးကျော်မင်းဆွေကို အာမခံ ဆက်လက်လျှောက်ထားရတာဖြစ်တယ်။

အခုရုံးချိန်းမှာ အာမခံ လျှောက်ထားမှု ပယ်ချခံလိုက်ရပေးမယ့် နောက်လာမယ့် ရုံးချိန်းမှာ အာမခံရဖို့ ထပ် လျှောက်ထားသွားမယ်လို့ သိရပါတယ်။

အနောက်ပိုင်းခ၇ိုင် တရားရုံးမှာ ဥပဒေနဲ့အညီ ရုံးပြောင်းလျှောက်ထားဖို့ ကြိုးစားသွားပါမယ်။ နောက်လာမယ့် ၃၀ ၇က်နေ့ ရုံးချိန်းမှာလည်း အာမခံရရေး ဆက်လက်ကြိုးစားသွားပါမယ်။

နောက်လာမယ့် ရုံးချိန်းကိုတော့ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းကို ပြန်လည်ချိန်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended