ကော်ဖီနဲ့လက္ဘက် ပို့ကုန်တိုးမြင့်နိုင်ဖို့ တောင်ကြီးမှာဆွေးနွေး

  • 7 years ago
ကော်ဖီ၊ လက္ဘက် ပြည်ပပို့ကုန်မြင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ ဇွန် ၃၀ ရက် မနက်ပိုင်းက တောင်ကြီးမြို့က ကမ္ဘောဇ ကုန်သွယ်မှု ဗဟိုဌာန ခန်းမ မှာ ကျင်းပခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကိုမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လက္ဘက်စိုက်တောင်သူ အစုအဖွဲ့ကိုယ်စားလှယ်တွေ ၊ ကော်ဖီ အစုအဖွဲ့ တောင်သူတွေ ၊ လက္ဘက် ၊ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေနဲ့ ဌာနဆိုင်ရာတွေ လူဦးရေ ၂၀၀ကျော် ပူးပေါင်း ဆွေးနွေးခဲ့ကြပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဦးအောင်ထူးနဲ့ ရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေနဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပြည်ပကို ကော်ဖီ တင်ပို့မှုအနေနဲ့ ၈၆၀ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၁. ဒသမ ၄၃၇ သန်းအထိ ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။ လက္ဘက်တင်ပို့မှုမှာလည်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ မက်ထရစ်တန် ၄၀၀၀ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ဒသမ ၁၃၄ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Recommended