တရုတ်ကို လူကုန်ကူးခံရတဲ့အမှု အများဆုံးဖြေရှင်းပေးနေရတယ်လို့ဆို

  • 7 years ago
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနဲ့ နှိမ်နင်းရေးအဖွဲ့က အများဆုံးဖြေရှင်းပေးနေရတဲ့ ဖြစ်စဉ်တွေ က တရုတ်နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိပြီးတဲ့နောက် လိင်ကျွန် ဒါမှမဟုတ်ရင် ဇနီးမယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ ဖြစ်စဉ်တွေလို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးနေဝင်းအောင်က ပြောပါတယ်။

ဒီကနေ့စက်တင်ဘာလ ၉ ရက်က မြန်မာနိုင်ငံခရစ်ယာန်အသင်းချုပ်မှာပြုလုပ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အ ကြိုပြုလုပ်တဲ့ပွဲမှာပြောခဲ့တာပါ။ ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်တော့မယ်ဆိုရင် လူကုန်ကူးမခံရအောင် နဲ့ ကြိုတင်ပြင် ဆင် သွား သင့်တဲ့အပိုင်းကို ခုလိုပြောပြပါတယ်။

ဒီနေ့ပွဲကိုခရီးသွားလာရေးနဲ့ရွှေ့ပြောင်းသွားလာရေးကော်မရှင်နဲ့ကောင်းသောသိုးထိန်းမြန်မာဖောင်ဒေးရှင်းတို့က ပူးပေါင်းပြုလုပ်တာပါ။ ရည်ရွယ်ချက်ကတော့ တောင်တန်းမြေပြန့်ဒေသအအသီးသီးမှာ ရှိတဲ့ တိုင်းရင်းသားအများစုက လူကုန်ကူးမှုရဲ့သားကောင်အဖြစ် ကျရောက်သူတွေရှိနေတာကြောင့် အသိပညာပေးမှုကို ထိထိရောက်ရောက်ပေးချင်တဲ့အတွက် အပူးပေါင်း လုပ်ဆောင်တာလို့သိရပါတယ်။

ဒီနေ့ပွဲမှာ လက်ကမ်းစာဆောင်တွေနဲ့အတူ လူကုန်ကူးမှုအတွက် ရေးစပ်ထားတဲ့သီချင်းတွေကို ဒေသ အသီးသီး ကို ဖြန့်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။စက်တင်ဘာလ ၁၃ ရက်နေ့ဟာ ပဉ္စမ အကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ