မနက်ခင်းသတင်းစာ

  • 7 years ago
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေး ဆွဲရေး အပါအဝင် အချက်သုံးချက်ကိုရွှေဝါရောင် သံဃာတော်တွေတောင်းဆို၊ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၁၇ လောင်းထပ်မံတွေ့ရှိ၊ ရန်ကုန်တိုင်း ၄၄ မြို့နယ်ရှိ စတိုးဆိုင်၊ဆေးဆိုင်နှင့် ဈေးများကို စီမံချက်ဖြင့် စစ်ဆေးမည်၊ ဒေါ်နယ်ထရန့်ရဲ့ ဗြီတိန်ခရီးစဉ် လက်မခံသင့်ဟု လန်ဒန်မြို့တော်ဝန်ပြောကြားဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။

မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။

Category

🗞
News

Recommended