• 7 years ago
ပုဒ်မ ၂ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဝင်းကိုကိုလတ်အပါအဝင် အမျိုးသားရေးလှုပ်ရှားသူလို့ဆိုတဲ့ လူ၎ဦးကို ဒီကနေ့ စက်တင်ဘာ ၂၈မှာ ကမာရွတ် တရားရုံးက အပြီးသတ်အမိန့်ချလိုက်ပါတယ်။

ငြိမ်းစုစီပုဒ်မ ၁၉အတွက် ထောင်ဒဏ် တစ်လနဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(ခ) အတွက် ထောင်ဒဏ် ၆လကျခံဖို့ တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ ထောင်ဒဏ်ကို ချုပ်ရက်တွေကနေ ထုတ်နှုတ်ခံစားခွင့်ပြုလိုက်တယ်လို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ အတွက် ဝင်းကိုကိုလတ်အပါအဝင် လူ၎ဦးနဲ့ ရဟန်း၃ပါးတို့ကို အဆိုပါပုဒ်မတွေနဲ့ ကမာရွတ်တရားရုံးမှာ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ သုံးနှုန်းခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးဆိုတဲ့ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended