• 7 years ago
အက်ရှင်အကြမ်းတွေနဲ့အတူ ပရိသတ်တွေရယ်မောရမယ့် “အောင်စေ ပိုင်စေ” အက်ရှင်ဟာသဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

“အောင်စေ ပိုင်စေ” ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံကို နယ်ချဲ့တွေအုပ်စိုးစဉ်အခါက တောရွာတွေမှာ တောပုန်းသူပုန်တွေနဲ့ မသမာသူဓားပြတွေကြီးစိုးတဲ့အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

အောင်စေနဲ့ ပိုင်စေ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ရွာဝင်တစ်ရွာထွက် ရွာသူရွာသားတွေကိုခြိမ်းခြောက်ကာ လိမ်လည် စားနေတဲ့သူတွေဖြစ်ပြီး သူတို့လိမ်စားနေတဲ့ရွာကို ဓားပြတွေဝင်စီးချိန်မှာတော့ ဘယ်လိုအလွဲတွေဖြစ်မလဲဆိုတာကို ပရိသတ်တွေကြည့်ရှုကြရမှာပါ။

“အောင်စေ ပိုင်စေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးထားတာဖြစ်ပြီး အကယ်ဒမီ လူမင်း၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီခိုင်းသင်းကြည်၊ အိချောပိုနဲ့ တခြားဟာသအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended