ရပ်ကွက်အငြိမ့်သဘင်တွေ လာမယ်

  • 7 years ago
မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ပြိုင်ပွဲဝင်တွေဟာ ရန်ကုန်တိုင်းအတွင်းက ၄၅မြို့နယ်မှာ ဖျော်ဖြေမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာ့အငြိမ့်သဘင်လောက ဆက်လက်ထွန်းကားစေဖို့အတွက် မြန်မာ့ဒီမိုကရေစီအ ငြိမ့်ပြိုင်ပွဲ ကိုပြုလုပ်ခဲ့တာဖြစ်သလို အရင်နှစ်သုံးဆယ်က ပျောက်ကွယ်ခဲ့တဲ့ ရပ်ကွက်အငြိမ့်သဘင်ကို ဆက်လက်ထွန်းကားစေဖို့ ဆုရအငြိမ့်အဖွဲ့တွေဟာ ဖျော်ဖြေမှုတွေပြုလုပ်သွားမှာပါ။

ပြိုင်ပွဲမှာ နောက်ဆုံးဆုရသွားတဲ့ အဖွဲ့ရှစ်ဖွဲ့ထဲက ပထမဆုရရှိတဲ့ ဇွဲ အငြိမ့်အဖွဲ့၊ ဒုတိယဆုနဲ့ တတိယဆုကိုရရှိသွားတဲ့ ခေတ်သစ်ကြေးမုံအဖွဲ့နဲ့ ရွှေညာမြေမှ ကြယ်ပွင့်များအဖွဲ့တို့ဟာ အခုပွင့် လင်းရာသီအစကနေ နှစ်ကုန်အထိ ရန်ကုန်မြို့တွင်း မြို့နယ် (၄၅)မြို့နယ်မှာ လိုက်လံ ဖျော်ဖြေကြ မှာဖြစ်ပါတယ်။

ပထမဆုံးဖျော်ဖြေမှုကို လာမယ့် အောက်တိုဘာ ၂ရက်နေ့မှာ စတင်ကျင်းပမယ့် ရေကျော်ပွဲဈေး ကနေ စတင်မှာဖြစ်ပါတယ်။ ဒီနှစ်ကုန်မှာတော့ ဖျော်ဖြေမှုအစီအစဉ်တွေနည်းပါတဲ့ ကိုကိုးကျွန်းမြို့နယ်တွေမှာပါ သွားရောက်ဖို့ဖျော်ဖြေဖို့ရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended