ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြုလုပ်

  • 7 years ago
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့အနေနဲ့ ဂုဏ်ပြုလမ်းလျှောက်ပွဲတစ်ခု ဒီကနေ့ အောက်တိုဘာ ၁ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အနေနဲ့ လူအင်အား ၄၀၀ နီးပါးခန့်က စုပါင်းပြီး ရန်ကုန်မြို့ သခင်မြပန်းခြံကနေ မဟာဗန္ဓုလ ပန်းခြံအထိ ကမ်းနားတစ်လျှောက် ချီတက်လမ်းလျှောက်ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြ၊ ဝန်းရံကြဆိုတဲ့ ကြွေးကြော်သံနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး ချီတက်လမ်းလျှောက်ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့အနေနဲ့ ထောက်ခံပွဲတွေကို ရန်ကုန်အပြင် အခြားမြို့ကြီးတွေမှာလည်း ပြုလုပ်ဖို့တွေရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended