ရခိုင်ဗီဒီယိုဖိုင်ကြောင့် သရဖူအသိမ်းခံရတာလို့ ပြောလိုက်တဲ့ ရွှေအိမ်စည်

  • 7 years ago
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေအကြောင်း ရှင်းလင်းထားတဲ့ ဗီဒီယိုဖိုင်ကြောင့် Miss Grand International ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ဖို့ ရပ်ဆိုင်းခံခဲ့ရတယ်လို့ အလှမယ်ရွှေအိမ်စည်က ဖွင့်ဟလာပါတယ်။

ဒီဗီဒီယိုဟာ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖို့ ရပ်ဆိုင်းလိုက်တဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်သလို တခြားမခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ရပ်ဆိုင်းခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်တယ်လို့ အလှမယ်ရွှေအိမ်စည်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့က Miss Universe Myanmar Organizationကနေ ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ အလှမယ်ရွှေအိမ်စည်ကို Miss Grand International 2017 ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ရပ်ဆိုင်းခဲ့ပြီး Miss Universe Myanmar 2013 ရဲ့ 1st Runner Up ဆုရှင် အလှမယ်အေးချမ်းမိုးကို စေလွှတ်သွားမယ်လို့ သိရပါတယ်။

အလှမယ်ရွှေအိမ်စည်အနေနဲ့ သရဖူကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး ပြိုင်ပွဲအတွက်တစ်နှစ်တာလုံး ကြိုးစားမှုတွေအပေါ်မှာ အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended