အလုပ္ရွင္ရဲ႕ေျခာက္ႏွစ္အရြယ္ေျမးမေလးကိုမုဒိမ္းက်င့္တဲ့ အလုပ္သမားအမ်ိဳးသားကိုရမန္ယူမယ္ ေမ - ၁၄ ၊၂၀၁၈ ၿပီးခဲ့တဲ့ရက္ပိုင္းက သာေကတၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ အ

  • 6 years ago
အလုပ္ရွင္ရဲ႕ေျခာက္ႏွစ္အရြယ္ေျမးမေလးကိုမုဒိမ္းက်င့္တဲ့ အလုပ္သမားအမ်ိဳးသားကိုရမန္ယူမယ္

ေမ - ၁၄ ၊၂၀၁၈

ၿပီးခဲ့တဲ့ရက္ပိုင္းက သာေကတၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ အသက္ ေျခာက္ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တယ္ဆိုတဲ့ အမ်ိဳးသားကို လာမယ့္ ေသာၾကာေန႔မွာ ရမာန္ယူသြားမယ္လို႔ သိရပါတယ္။

အဲဒီရမာန္ဟာ ဒုတိယအႀကိမ္ ရမာန္ယူတာ ျဖစ္တယ္လို႔ သိရၿပီး၊ သာေကတၿမိဳ႕နယ္ တရားရံုးမွာ ရမာန္ယူသြားမွာပဲ ျဖစ္ပါတယ္။

ေမလ ၅ ရက္ေန႔ ေန႔လည္ပိုင္းက က်ဴးလြန္သူလို႕စြပ္စြဲခံထားရသူ အမ်ိဳးသားဟာ သူအလုပ္လုပ္ကိုင္ေနတဲ့ ထမင္းဆိုင္ပိုင္ရွင္ရဲ႕ ေျမးႏွစ္ဦးျဖစ္သူ အသက္ ေျခာက္ ႏွစ္အရြယ္ မိန္းကေလးငယ္နဲ႔ ၁၃ ႏွစ္အရြယ္ ေယာက်ၤားေလးတို႕ကို အေအး၀ယ္တိုက္မယ္ဆိုၿပီး ေခၚသြားခဲ့တာ ျဖစ္ပါတယ္။

ဆိုင္ေရာက္ေတာ့ ပိုက္ဆံမေလာက္လို႔ ဆိုၿပီး ၁၃ ႏွစ္အရြယ္ေကာင္ေလးကုိ ပိုက္ဆံျပန္ယူခိုင္းစဥ္မွာပဲ ကေလးမေလးကို ေခၚေဆာင္သြားၿပီး အဓမၼျပဳက်င့္ခဲ့တယ္လို႔ သိရပါတယ္။

ျပဳက်င့္ခံရတဲ့ မိန္းကေလးငယ္ကေတာ့ ရန္ကုန္ကေလးေဆးရံုမွာ ေဆးကုသမႈ ခံယူေနရဆဲ ျဖစ္ပါတယ္။

က်ဴးလြန္သူလို႕စြပ္စြဲခံထားရတဲ့ အမ်ိဳးသားကို သာေကတၿမိဳ႕နယ္ရဲစခန္းကေန အဓမၼျပဳက်င့္မႈ၊ လူခိုးမႈ၊ နာက်င္ေစမႈတို႔နဲ႔ အမႈဖြင့္ထားတာပဲ ျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ယဥ္မြန္

(Unicode )

အလုပ်ရှင်ရဲ့ခြောက်နှစ်အရွယ်မြေးမလေးကိုမုဒိမ်းကျင့်တဲ့ အလုပ်သမားအမျိုးသားကိုရမန်ယူမယ်

မေ - ၁၄ ၊၂၀၁၈

ပြီးခဲ့တဲ့ရက်ပိုင်းက သာကေတမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမျိုးသားကို လာမယ့် သောကြာနေ့မှာ ရမာန်ယူသွားမယ်လို့ သိရပါတယ်။

အဲဒီရမာန်ဟာ ဒုတိယအကြိမ် ရမာန်ယူတာ ဖြစ်တယ်လို့ သိရပြီး၊ သာကေတမြို့နယ် တရားရုံးမှာ ရမာန်ယူသွားမှာပဲ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့ နေ့လည်ပိုင်းက ကျူးလွန်သူလို့စွပ်စွဲခံထားရသူ အမျိုးသားဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ထမင်းဆိုင်ပိုင်ရှင်ရဲ့ မြေးနှစ်ဦးဖြစ်သူ အသက် ခြောက် နှစ်အရွယ် မိန်းကလေးငယ်နဲ့ ၁၃ နှစ်အရွယ် ယောကျင်္ားလေးတို့ကို အအေးဝယ်တိုက်မယ်ဆိုပြီး ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ရောက်တော့ ပိုက်ဆံမလောက်လို့ ဆိုပြီး ၁၃ နှစ်အရွယ်ကောင်လေးကို ပိုက်ဆံပြန်ယူခိုင်းစဉ်မှာပဲ ကလေးမလေးကို ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ကတော့ ရန်ကုန်ကလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

ကျူးလွန်သူလို့စွပ်စွဲခံထားရတဲ့ အမျိုးသားကို သာကေတမြို့နယ်ရဲစခန်းကနေ အဓမ္မပြုကျင့်မှု၊ လူခိုးမှု၊ နာကျင်စေမှုတို့နဲ့ အမှုဖွင့်ထားတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended