Skip to playerSkip to main contentSkip to footer
  • 5/18/2018
မေ - ၁၈၊ ၂၀၁၈
MRTV – 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အသိအမှတ်ပြုတဲ့ ကျော်ဆုကတော့ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေပဲ လက်ခံထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ လျို့ဝှက်သည်းဖိုဖြစ်တဲ့ “အဆိပ်သွေး”ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး နောက်ထပ် “ရွှေဖူးစာဆုံရာမြေ” ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။
MRTV – 4 နဲ့ ၂၀၁၂ခုနှစ်ကတည်းက လက်တွဲလာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကြောင့် ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးဖြစ်တာလို့ ကျော်ဆုကပြောပါတယ်။
ဂီတလောကမှာကျော်ကြားတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ အကိုအရင်းတစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်မှာ သက်တမ်းနုတာကြောင့် ညီဆီက အကူအညီတွေအများကြီးယူခဲ့ရတယ်လို့လည်း ကျော်ဆုက ပြောပါတယ်။
ညီဖြစ်သူလွှမ်းပိုင်ဆီက အနုပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ကောင်းတွေအများကြီးရသလို လက်ရှိမှာ ပရိသတ်တောင်းဆိုမှုကြောင့် ကိုယ်ပိုင်သီချင်းဆိုဖို့ သီချင်းရေးထားတာတွေလည်းရှိတယ်လို့ ကျော်ဆုကပြောပါတယ်။
လက်ရှိမှာ ကျော်ဆုအနေနဲ့ ဇာတ်လမ်းတွဲလက်ခံရိုက်ကူးမှုပဲရှိသလို တခြားကမ်းလှမ်းမှုတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended