စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (နေ့လယ် ၁ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)■ ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် တိုက်ခိုက်အကြမ်းဖက်မှုများနှင့် ပြည်ပစွက်ဖ

  • 6 years ago
စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ် (နေ့လယ် ၁ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)

■ ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် တိုက်ခိုက်အကြမ်းဖက်မှုများနှင့် ပြည်ပစွက်ဖက်မှုများ ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့နှင့် ရွှေဘိုတွင် ပြုလုပ်

■ စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည့် ယာဉ်တစ်စီးပေါ်မှ ပစ္စတိုသေနတ်တစ်လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

■ မကွေးမြို့၊ လွတ်လပ်ရေး ကျောက်တိုင်အနီးတွင် ရဲဘော်သုံးကျိပ်တို့၏ မော်ကွန်းကမ္ဗည်းကျောက်တိုင် စိုက်ထူပေးရန် မကွေးတိုင်းလွှတ်တော်တွင် အဆိုတင်

■ ဗျောက်အိုးများ၊ မီးရှုးမီးပန်းများ သိုလှောင်ထားသူ အမျိုးသမီးကြီးတစ်ဦးကို မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီး

■ မရမ်းကုန်းမြို့နယ် ပါရမီမီးပွိုင့်အနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်ကာ လမ်းဘေးဓာတ်တိုင်အား ၀င်တိုက်မှုဖြစ်ပွား

■ ဒုတိယတန်း သင်ရိုးညွှန်းတမ်းသစ်အတွက် အခြေခံပညာ ဆရာ၊ ဆရာမများကို ဒီဇင်ဘာလတွင် စတင်သင်တန်းပေးမည်

■ တောင်ကြီးတန်ဆောင်တိုင်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်သောရုပ်ပုံများ အသုံးမပြုရန် စည်းကမ်းချက်အသစ် ထုတ်ပြန်ထား

■ အမေရိကန်က မြောက်ကိုရီးယားကို စစ်ကြေညာခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြောကြား

■ မကျန်းမာသည့် စစ်မှုထမ်းများအတွက် ရည်ရွယ်ပြီး တိုရွန်တိုတွင် ပြုလုပ်ခဲ့သည့် ကစားပွဲသို့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ၎င်း၏ချစ်သူတို့ ပထမဆုံးအကြိမ် အတူတွဲတက်ရောက်

Recommended