ဒီနှစ်ထဲ ရုရှားနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ 2018 FIFA World Cup မှာ official partner အဖြစ် ကိုကာကိုလာက ပါဝင်ထားတယ်လို့ မြန်မာပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မေ

  • 6 years ago
ဒီနှစ်ထဲ ရုရှားနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ 2018 FIFA World Cup မှာ official partner အဖြစ် ကိုကာကိုလာက ပါဝင်ထားတယ်လို့ မြန်မာပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့ အရှေ့မြင်းပြိုင်ကွင်းလမ်း မှာရှိတဲ့ ကျိုက္ကဆံဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တဲ့ ကိုကာကိုလာရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။ ဒါ့အပြင်ကိုကာကိုလာကုမ္ပဏီကနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံ ၈ နိုင်ငံရဲ့အလံပုံပါတဲ့ အချိုရည်ဗူးတွေကို ထုတ်သွားဖို့ ရှိတယ်လို့ သိရတယ်။

အဲ့ဒီနိုင်ငံတွေကတော့ ပြင်သစ်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ရှရှား၊ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဂျပန် တို့ပဲ ဖြစ်ပါတယ်။ လက်ရှိတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမတစ်သုတ်အနေဖြင့် လက်မှတ်ပေါင်း ၇၄၂,၇၆၀ ကို ရောင်းချထားရကြောင်း လည်း သိရပါတယ်။ ရုရှား မြို့ ၁၁ မြို့ရှိ မတူညီတဲ့ ကွင်း ၁၂ ကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆၄ ပွဲ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် ရုရှားအသင်းက ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို မော်စကိုမြို့တွင် ဇွန် ၁၄ ရက်မှာ ကစားမှာဖြစ်ပါတယ်။

ရုပ်သံ-AFP/ရိုက်ကူး-ဝဏ္ဏမြတ်ထွဋ်
တည်းဖြတ်-စိုးသူအောင်

Recommended