ရွှေထူး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့သုံးယောက် ပါဝင်ရိုက်ကူးမယ့် “ဧည့်သည်”ဇွန် - ၁၊၂၀၁၈နယ်ပယ်အသီးသီးမှာထူချွန်ကြတဲ့ တေးသံရှင် ရွှေထူး ၊ ရွှေမှုန်ရတီ နဲ့ Beauty

  • 6 years ago
ရွှေထူး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့သုံးယောက် ပါဝင်ရိုက်ကူးမယ့် “ဧည့်သည်”

ဇွန် - ၁၊၂၀၁၈

နယ်ပယ်အသီးသီးမှာထူချွန်ကြတဲ့ တေးသံရှင် ရွှေထူး ၊ ရွှေမှုန်ရတီ နဲ့ Beauty Blogger နေခြည်ဦးတို့သုံးယောက်ပါဝင်မယ့် “နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။



ပရိသတ်အသီးသီးရှိကြတဲ့ ရွှေထူး၊ ရွှေမှုန်ရတီ နဲ့ နေခြည်ဦးတို့ ပါဝင်မယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ပထမအပတ်ထဲမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။


==================================================
(Unicode)

ရွှေထူး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့သုံးယောက် ပါဝင််ရိုက်ကူးမယ့် “ဧည့်သည်”

ဇွန် - ၁၊၂၀၁၈

နယ်ပယ်အသီးသီးမှာထူချွန်ကြတဲ့ တေးသံရှင် ရွှေထူး ၊ ရွှေမှုန်ရတီ နဲ့ Beauty Blogger နေခြည်ဦးတို့သုံးယောက်ပါဝင်မယ့် “နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

အတွဲဆန်းတဲ့ ဒီသုံးယောက်အတွက် မတူညီတဲ့ ကာရိုက်တာတွေဖန်တီးထားတဲ့ ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ရွှေထူးရဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်အပြီး ဒုတိယမြောက်ရုပ်ရှင်ဖြစ်သလို နေခြည်ဦးရဲ့ “ရန်သူ” ရုပ်ရှင်အပြီး ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ပရိသတ်အသီးသီးရှိကြတဲ့ ရွှေထူး၊ ရွှေမှုန်ရတီ နဲ့ နေခြည်ဦးတို့ ပါဝင်မယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ပထမအပတ်ထဲမှာ စတင်ရိုုက်ကူးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#ဧည့်သည် #ရွှေထူး #ရွှေမှုန်ရတီ #နေခြည်ဦး #Cele #CeleNews #7DayTV #7DayNews

Recommended