ဗဟိုတရားရုံး ရောက်နေပြီဖြစ်သည့် လိပ်ကျွန်း လူသတ်မှုမှ မြန်မာ ၂ ဦးလွတ်မြောက်နိုင်မလားထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်ပြီး သေဒ

7 tontonan
ဗဟိုတရားရုံး ရောက်နေပြီဖြစ်သည့် လိပ်ကျွန်း လူသတ်မှုမှ မြန်မာ ၂ ဦးလွတ်မြောက်နိုင်မလား

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံ ထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး အမှု တရားမျှတမှု ရရှိရေး အတွက် ၎င်းတို့၏ ရှေ့နေများက နောက်ဆုံး အယူခံအဖြစ် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) ထံ အယူခံတင်ပြထားသည်။

ထိုအယူခံ လျှောက်ထားချက်ကို ချေဖျက်နိုင်ရန် အတွက် ထိုင်းရှေ့နေများ၏ လျှောက်ထားချက်ကိုလည်း ဗဟိုတရားရုံး (High Court) က လက်ခံလိုက်ပြီဖြစ်သဖြင့် အမှုအားစစ်ဆေးပြီး နောက်ဆုံး အဆင့် အမိန့်ချရန်သာ လိုအပ်တော့ကြောင်း သိရသည်။

ထိုအမှုနောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး လိပ်ကျွန်းအမှုကို တလျှောက်လုံး လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တာဝန်ရှိသူများကို ဧရာဝတီ သတင်းထောက်ချုပ် ကျော်ခ က တွေ့ဆုံမေးမြန်းထားသည်။

ရိုက်ကူး၊ တည်းဖြတ် - စိုးထွန်းသိန်း