
  • 6 years ago

ဇွန်-၁၂၊ ၂၀၁၈




ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက လည်း မကွေးတိုင်းက ပွင့်ဖြုနဲ့ စေတုတ္တရာတို့ မှာ ရေကြီးရေလျှံတာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာမို့ ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။



Unicode

မိုးဆက်ရွာနေလို့ မကွေးတိုင်းက မြို့နယ်အများစုမှာ ရေကြီးနေ

ဇွန်-၁၂၊ ၂၀၁၈

မိုးရက်ဆက်ရွာနေတာကြောင့် မကွေးတိုင်းထဲက မြို့နယ် အများစုမှ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

ပွင့်ဖြု၊ စေတုတ္တရာ၊ ပခုက္ကူ ၊ မင်းလှ၊ မင်းတုန်း၊ ငဖဲ၊ပဒါန်း၊ ကံမ၊ သရက် စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံနေတာပါ။

ဇွန်လ ၉ ရက်ကတည်းက စရွာခဲ့တဲ့ မိုးကြောင့် ရေကြီးနေတာ ဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသတွေကို ရေဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက လည်း မကွေးတိုင်းက ပွင့်ဖြုူနဲ့ စေတုတ္တရာတို့ မှာ ရေကြီးရေလျှံတာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာမို့ ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မကွေး-နတိမောက်၊ မကွေးမြို့-မြို့သစ်၊ မကွေး-အမ်းလမ်း၊ငဖဲ_စေတုတ္တရာနဲ့
ပဒါန်း-ငဖဲ စတဲ့ လမ်းတွေမှာတော့ ကားလမ်းပေါ်ရေကျော်တာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-မိုးကျော်

Recommended