“သမန္းက်ား” အျဖစ္ ေတြ႔ရမယ့္ ပိုင္တံခြန္ဇြန္ - ၁၃၊၂၀၁၈ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲစြဲတစ္ေယာက္ျဖစ္တဲ့ ေမာ္ဒယ္လ္ပိုင္တံခြန္ကိုေတာ့ ဒါရို္က္တာ ဒႆေက်ာ္စြာရိုက္ကူးမယ္

  • 6 years ago
“သမန္းက်ား” အျဖစ္ ေတြ႔ရမယ့္ ပိုင္တံခြန္

ဇြန္ - ၁၃၊၂၀၁၈

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲစြဲတစ္ေယာက္ျဖစ္တဲ့ ေမာ္ဒယ္လ္ပိုင္တံခြန္ကိုေတာ့ ဒါရို္က္တာ ဒႆေက်ာ္စြာရိုက္ကူးမယ့္ “သမန္းက်ား”ဇာတ္ကားမွာ ပထမဆံုးေခါင္းေဆာင္မင္းသားတစ္ေယာက္အျဖစ္ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

ပိုင္တံခြန္အေနနဲ႔ “သမန္းက်ား”ဇာတ္ေကာင္ေနရာကေန သရုပ္ေဆာင္မွာျဖစ္ၿပီး Animation နည္းပညာအားနည္းမႈေတြၾကားမွာ ႀကိဳးစားရိုက္ကူးသြားမယ္လုိ႔ေျပာပါတယ္။

“သမန္းက်ား” ဇာတ္လမ္းကိုေတာ့ လြန္ခဲ့တဲ့ေျခာက္ႏွစ္ကတည္းက ေရးသားခဲ့တာျဖစ္ၿပီး ဇာတ္လမ္းတြဲသံုးပိုင္း ရုိက္ကူးသြားမွာျဖစ္ပါတယ္။

ပထမအပိုင္းကိုေတာ့ ဗီဒီယိုအေနနဲ႔ရိုက္ကူးၿပီး အြန္လိုင္းေပၚမွာအလကားျဖန္႔ခ်ိမွာျဖစ္ကာ ဒုတိယႏွစ္ပိုင္းကိုေတာ့ ရုပ္ရွင္အေနနဲ႔ ရိုက္ကူးသြားမွာျဖစ္ပါတယ္။

ပိုင္တံခြန္အေနနဲ႔ ေခါင္းေဆာင္မင္းသားအသစ္တစ္ေယာက္ျဖစ္တဲ့အတြက္ စိန္ေခၚမႈမ်ားသလုိ ပရိသတ္ေတြအားေပးၾကဖို႔ကိုလည္း ဖြင့္ဟလာပါတယ္။

ဒီဇာတ္ကားမွာ ပိုင္တံခြန္၊ အိန္ဂ်ယ္လမုန္တုိ႔က အဓိကသရုပ္ေဆာင္မွာျဖစ္ျပီး တျခားအႏုပညာရွင္မ်ားစြာ ပါဝင္ထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

“သမန်းကျား” အဖြစ် တွေ့ရမယ့် ပိုင်တံခွန်

ဇွန် - ၁၃၊၂၀၁၈

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်ပိုင်တံခွန်ကိုတော့ ဒါရိုက်တာ ဒဿကျော်စွာရိုက်ကူးမယ့် “သမန်းကျား”ဇာတ်ကားမှာ ပထမဆုံးခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

ပိုင်တံခွန်အနေနဲ့ “သမန်းကျား”ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်မှာဖြစ်ပြီး Animation နည်းပညာအားနည်းမှုတွေကြားမှာ ကြိုးစားရိုက်ကူးသွားမယ်လို့ပြောပါတယ်။

“သမန်းကျား” ဇာတ်လမ်းကိုတော့ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ရေးသားခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲသုံးပိုင်း ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ပထမအပိုင်းကိုတော့ ဗီဒီယိုအနေနဲ့ရိုက်ကူးပြီး အွန်လိုင်းပေါ်မှာအလကားဖြန့်ချိမှာဖြစ်ကာ ဒုတိယနှစ်ပိုင်းကိုတော့ ရုပ်ရှင်အနေနဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ပိုင်တံခွန်အနေနဲ့ ခေါင်းဆောင်မင်းသားအသစ်တစ်ယောက်ဖြစ်တဲ့အတွက် စိန်ခေါ်မှုများသလို ပရိသတ်တွေအားပေးကြဖို့ကိုလည်း ဖွင့်ဟလာပါတယ်။

ဒီဇာတ်ကားမှာ ပိုင်တံခွန်၊ အိန်ဂျယ်လမုန်တို့က အဓိကသရုပ်ဆောင်မှာဖြစ်ပြီး တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended