ေရႊမႈံရတီနဲ႔ ကားရိုက္ရတဲ့ အေတြ႔အၾကံဳေတြကို ေျပာျပခဲ့တဲ့ ေနျခည္ဦးဇြန္ - ၁၂၊၂၀၁၈ရုပ္ရွင္ေလာကကို စတင္ေျခခ်လာတဲ့ သရုပ္ေဆာင္ေနျခည္ဦးက သူ႔ရဲ႕ ဒုတိယေျမာက္ ရုပ္ရွ

  • 6 years ago
ေရႊမႈံရတီနဲ႔ ကားရိုက္ရတဲ့ အေတြ႔အၾကံဳေတြကို ေျပာျပခဲ့တဲ့ ေနျခည္ဦး

ဇြန္ - ၁၂၊၂၀၁၈

ရုပ္ရွင္ေလာကကို စတင္ေျခခ်လာတဲ့ သရုပ္ေဆာင္ေနျခည္ဦးက သူ႔ရဲ႕ ဒုတိယေျမာက္ ရုပ္ရွင္ “ဧည့္သည္”ဇာတ္ကားၾကီးမွာ သရုပ္ေဆာင္ေရႊမႈံရတီနဲ႔အတူ အျပိဳင္သရုပ္ေဆာင္ရမွာျဖစ္္ပါတယ္။

အႏုပညာသက္တမ္းႏုသူျဖစ္တာေၾကာင့္ “ဧည့္သည္” ရုပ္ရွင္ဇာတ္ကားႀကီးမွာ သရုပ္ေဆာင္ပညာနဲ႔ပတ္သက္လို႔ ေရႊမႈံရတီရဲ႕ အကူအညီေတြယူခဲ့ရတယ္လို႔ ဖြင့္ဟလာပါတယ္။

ေရႊမႈံရတီဟာ အသက္ငယ္ေပမယ့္ အႏုပညာေလာကမွာ ဝါရင့္အႏုပညာရွင္တစ္ေယာက္ျဖစ္ျပီး အခ်ိဳ႕ဇာတ္ဝင္ခန္းေတြမွာ သင္ေပးတာမ်ိဳးေတြရွိတယ္လို႔ ေနျခည္ဦးက ေျပာပါတယ္။

ဒါ့အျပင္ လူငယ္ေတြအခ်င္းခ်င္းျဖစ္တာေၾကာင့္ ဒိုင္ယာေလာ့ခ္ေတြ ေျပာဆိုရာမွာ အဆင္ေျပသလို ဧည့္သည္ဇာတ္ကားအတြက္ ႀကိဳးစားသရုပ္ေဆာင္ေနတယ္လို႔ ေနျခည္ဦးက ဆိုပါတယ္။

ေနျခည္ဦးအေနနဲ႔ ပရိသတ္ေတြလက္ခံႏုိင္မယ့္သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားေနျပီး Beauty Blogger တစ္ေယာက္အျပင္ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ရပ္တည္သြားဖို႔ရွိေနပါတယ္။

ေရႊထူး၊ ေရႊမႈံရတီ၊ ေနျခည္ဦးတို႔သံုးေယာက္ရဲ႕ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းကို ပံုေဖာ္မယ့္ ဧည့္သည္ဇာတ္ကားကိုေတာ့ ဒါရိုက္တာညႊန္႔ျမန္မာညီညီေအာင္က ပံုေဖာ္ေနတာျဖစ္ျပီး ဇြန္လ ပထမအပတ္ကတည္းက စတင္ရိုက္ကူးေနတာျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#ေနျခည္ဦး #ေရႊမႈံရတီ #သုံးပြင့္ဆိုင္ #7DAY TV #အႏုပညာသတင္း

(Unicode)

ရွှေမှုံရတီနဲ့ ကားရိုက်ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့တဲ့ နေခြည်ဦး

ဇွန် - ၁၂၊၂၀၁၈

ရုပ်ရှင်လောကကို စတင်ခြေချလာတဲ့ သရုပ်ဆောင်နေခြည်ဦးက သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင် “ဧည့်သည်”ဇာတ်ကားကြီးမှာ သရုပ်ဆောင်ရွှေမှုံရတီနဲ့အတူ အပြိုင်သရုပ်ဆောင်ရမှာဖြစ််ပါတယ်။

အနုပညာသက်တမ်းနုသူဖြစ်တာကြောင့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ပညာနဲ့ပတ်သက်လို့ ရွှေမှုံရတီရဲ့ အကူအညီတွေယူခဲ့ရတယ်လို့ ဖွင့်ဟလာပါတယ်။

ရွှေမှုံရတီဟာ အသက်ငယ်ပေမယ့် အနုပညာလောကမှာ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အချို့ဇာတ်ဝင်ခန်းတွေမှာ သင်ပေးတာမျိုးတွေရှိတယ်လို့ နေခြည်ဦးက ပြောပါတယ်။

ဒါ့အပြင် လူငယ်တွေအချင်းချင်းဖြစ်တာကြောင့် ဒိုင်ယာလော့ခ်တွေ ပြောဆိုရာမှာ အဆင်ပြေသလို ဧည့်သည်ဇာတ်ကားအတွက် ကြိုးစားသရုပ်ဆောင်နေတယ်လို့ နေခြည်ဦးက ဆိုပါတယ်။

နေခြည်ဦးအနေနဲ့ ပရိသတ်တွေလက်ခံနိုင်မယ့်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေပြီး Beauty Blogger တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်သွားဖို့ရှိနေပါတယ်။

ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်မယ့် ဧည့်သည်ဇာတ်ကားကိုတော့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ပုံဖော်နေတာဖြစ်ပြီး ဇွန်လ ပထမအပတ်ကတည်းက စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#နေခြည်ဦး #ရွှေမှုံရတီ #သုံးပွင့်ဆိုင် #7DAY TV #အနုပညာသတင်း

Recommended