
  • 6 years ago

ဇွန် - ၁၆ ၊၂၀၁၈







(Unicode)

ဖလော်ရီဒါမှာ ရိုလာကိုစတာ လမ်းချော်မှုကြောင့် လူ ၁၀ ဦးကို ကယ်ဆယ်ခဲ့ရ

ဇွန် - ၁၆ ၊၂၀၁၈

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ရိုလာကိုစတာတစ်စီး လမ်းချော်မှုကြောင့် လူ ၁၀ ဦးကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။

ဇွန်လ ၁၄ ရက်က ဒေတိုနာကမ်းခြေ အပန်းဖြေစခန်းမှာ ရှိနေတဲ့ ရိုလာကိုစတာက လူစီးတွဲနှစ်ခု သတ်မှတ် လမ်းကြောင်းကနေ ချော်ထွက်ပြီး ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ တစ်စီးက ၃၄ ပေ အမြင့်လောက်ကနေ ပြုတ်ကျခဲ့ပါတယ်။

မီးသတ်ဝန်ထမ်းတွေက ထိတ်လန့်နေတဲ့ လူ ၁၀ ယောက်ကို ကယ်ဆယ်ခဲ့ရပြီး အဲဒီထဲက ၆ ယောက်ကိုတော့ ဆေးရုံ တင်ပို့ခဲ့ရပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ကျယ်လောင်တဲ့ မြည်ဟည်းသံကြီးတစ်ခု ကြားလိုက်ရပြီး ရိုလာကိုစတာတွဲတွေ လမ်းချော်ကုန်တာလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဒဏ်ရာ အခြေအနေကို တိတိကျကျ မသိရသေးပါဘူး။ အခုလို လမ်းချော်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#ရိုလာကိုစတာ #ဖလော်ရီဒါ #မီးသတ်ဝန်ထမ်း #7DAY TV #Local News

Category

😹
Fun

Recommended