အစိုးရအဖွဲ့ရောင်းချမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာအတွက် မဲနှိုက်ရွေးချယ်************************ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချမယ့် တန်ဖိုးနည်း၊ တန်ဖို

  • 6 years ago
အစိုးရအဖွဲ့ရောင်းချမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာအတွက် မဲနှိုက်ရွေးချယ်
************************
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေအတွက် ဇွန်လ ၂၅ ရက်နေ့က မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှာ အလယ်တန်းကျောင်းသားတွေက မဲနှိုက်ပေးခဲ့ပါတယ်။
ဒါပေမယ့် မဲနှိုက်တာကို အိမ်ရာလျှောက်ထားတဲ့ ကာယကံရှင်တွေဝင်ကြည့်လို့ မရသလို နိုင်ငံပိုင်မီဒီယာကလွဲရင် ပုဂ္ဂလိကမီဒီယာတွေ ဝင်ခွင့်မပေးခဲ့ပါဘူး။
အစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေထဲမှာ အများပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားအတွက်ဆိုပြီး ခွဲခြားသတ်မှတ်ပေးထားပြီး အိမ်ရာလျှောက်ထားသူ ၅၀၀၀ ကျော် ရှိနေပါတယ်။ အစိုးရအဖွဲ့က ရောင်းချပေးမယ့် အိမ်ယာတွေဟာ လက်ငင်း ၂၀ ရာခိုင်နှုန်းပေးရပြီး အတိုးနှုန်း ၈ ရာခိုင်နှုန်းလောက် နဲ့ ၁၅နှစ်အထိ အရစ်ကျပေးလို့ရမှာဖြစ်လို့ ပုဂ္ဂလိက အိမ်ယာချေးငွေထက် ဈေးပိုသက်သာနေပါတယ်။

ရိုက်ကူး၊တည်းဖြတ်-မျိုးပြည့်သင်း

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended