ပြည့်တန်ဆာမှုဖြင့် တရားစွဲခံထားသည် တရုတ်နိုင်ငံသူများကို ရုံးထုတ် (ရုပ်သံ)ရန်နိုင်ဇော်ဝင်းရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြပြီး ပြည

  • 6 years ago
ပြည့်တန်ဆာမှုဖြင့် တရားစွဲခံထားသည် တရုတ်နိုင်ငံသူများကို ရုံးထုတ် (ရုပ်သံ)
ရန်နိုင်ဇော်ဝင်း

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှုနဲ့ တရားစွဲခံထားရတဲ့ တရုတ်နိုင်ငံသူ၁၇ဦးရဲ့အမှုကို ဇွန်လ၂၀ရက် မနက်က ဒုတိယအကြိမ် ထပ်မံရုံးထုတ် စစ်ဆေးပါတယ်။

အဆိုပါ အမျိုးသမီးတွေကို ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ၃(က)/(ခ)နဲ့ တရားစွဲထားဖြစ်ပြီး ပြီးခဲ့တဲ့ရုံးချိန်းမှာ မပြီးပြတ်သေးတဲ့အတွက် တရားလိုရဲအုပ်တင့်လွင်ဦးကို ဒီနေ့ရုံးချိန်းမှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်မှာ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ Oriental Spa အမည်ရှိ အလှပြင်ဆိုင်ကို မေလ ၂၂ ရက်က ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်စစ်ဆေးရာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။
ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ရုံးချိန်းကိုတော့ ဇူလိုင်လ၄ရက်နေ့ ထပ်မံချိန်းဆိုထားပါတယ်။

Category

😹
Fun

Recommended