World Music Day အထိမ်းအမှတ် show ပွဲကျင်းပ==============World Music Day အထိမ်းအမှတ် Show ပွဲကို ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ၊ Goethe Institut Myanma

  • 6 years ago
World Music Day အထိမ်းအမှတ် show ပွဲကျင်းပ
==============
World Music Day အထိမ်းအမှတ် Show ပွဲကို ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ၊ Goethe Institut Myanmar (Goethe Villa)မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲကို Turning Table Myanmar က ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ World Music Day ကို မြန်မာ နိုင်ငံမှာ ပြင်သစ်ယဉ်ကျေးမှုဌာနက ပထမဆုံးကျင်းပပေးခဲ့ပြီး၊ အခု ဒီပွဲတော်ကတော့ မြန်မာအနေနဲ့ ပထမဆုံး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲမှာတော့ မြန်မာနိုင်ငံက လူငယ်အဆိုတော်တွေ၊ ဂီတ၀ါသနာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ လည်း ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုဂီတပွဲတော်တွေကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။
Turning Table Myanmar က ကျင်းပပြုလုပ်တဲ့ ဇွန်လ ၂၁ ရက်နေ့ကို ကမ္ဘာတဝှမ်းတွင် World Music Day အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ် ပွဲများကို ကျင်းပကြပါတယ်။

ရိုက်ကူး၊တည်းဖြတ်- ပြည့်ဖြိုး၊ ဒေါင်းလူ

Recommended