အိႏၵိယမွာ ပထမဆံုးအႀကိမ္အျဖစ္ အမ်ိဳးသမီးေတြအတြက္ ကားၿပိဳင္ပြဲ က်င္းပဇူလိုင္-၁ ၊၂၀၁၈ အိႏိၵယ ႏုိင္ငံမွာ ပထမဆံုး အႀကိမ္အျဖစ္ အမ်ိဳးသမီး ၿပိဳင္ကားအသင္းေတြရဲ႕ ကားၿ

  • 6 years ago
အိႏၵိယမွာ ပထမဆံုးအႀကိမ္အျဖစ္ အမ်ိဳးသမီးေတြအတြက္ ကားၿပိဳင္ပြဲ က်င္းပ

ဇူလိုင္-၁ ၊၂၀၁၈
အိႏိၵယ ႏုိင္ငံမွာ ပထမဆံုး အႀကိမ္အျဖစ္ အမ်ိဳးသမီး ၿပိဳင္ကားအသင္းေတြရဲ႕ ကားၿပိဳင္ပြဲတစ္ခုကို က်င္းပခဲ့ပါတယ္။

အိႏိၵယေတာင္ပိုင္းက ကြိဳင္မ္ဘက္တိုရီၿမိဳ႕မွာ က်င္းပတဲ့ သံုးရက္ၾကာ ၿပိဳင္ပြဲကို ႏုိင္ငံတဝန္းက အမ်ိဳးသမီး ၆၀ ေက်ာ္ ပါဝင္ ယွဉ္ၿပိဳင္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲက လက္ေရြးစင္ အမ်ိဳးသမီး ၿပိဳင္ကားသမား ၆ ေယာက္ဟာ လာမယ့္သီတင္းပတ္မွာ ျပဳလုပ္မယ့္ ေဂ်ေက တာယာ အမိ်ဳးသား ၿပိဳင္ကား ခ်န္ပီယံရွစ္မွာလည္း အစြမ္းျပ ေမာင္းႏွင္ခြင့္ ရၾကမွာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြအတြက္ ပထမဆံုးအႀကိမ္ သီးသန္႔က်င္းပတဲ့ ကာရီေမာ္ေတာ္ ကားေမာင္းၿပိဳင္ပြဲကို ဝင္ေရာက္ယွဉ္ၿပိဳင္တဲ့ ရီတီကာ အိုဘာ႐ိုင္က ၿပိဳင္ပြဲဝင္ေတြ အေနနဲ႔ အေၾကာက္တရားနဲ႔ စိုးရိမ္မႈေတြကို ေက်ာ္လႊားဖို႔ သတၱိမ်ိဳး မျဖစ္မေန လိုအပ္တယ္လုိ႔ ေျပာပါတယ္။ ပံုမွန္ဆုိရင္ေတာ့ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ အလုပ္ဟာ ဆရာဝန္တစ္ဦး ျဖစ္ပါတယ္။

အိႏၵိယဟာ ေဖာ္ျမဴလာဝမ္း ကမာၻေက်ာ္ ကားေမာင္းၿပိဳင္ပြဲမွာ ပါဝင္ယွဉ္ၿပိဳင္ေနတဲ့ Force India ကိုယ္စားျပဳရာ ႏုိင္ငံျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီ အသင္းဟာ ၿဗိတိန္မွာ အေျခစိုက္ပါတယ္။ ေဖာ္ျမဴလာဝမ္း အဆင့္မွာ ပါဝင္ယွဉ္ၿပိဳင္ဖူးတဲ့ အိႏၵိယ ႏုိင္ငံသား ၿပိဳင္ကားေမာင္းသမားေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

(Unicode)

အိန္ဒိယမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေအတွက် ကားပြိုင်ပွဲ ကျင်းပ

ဇူလိုင်-၁ ၊၂၀၁၈
အိန္ဒိယ နိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး ပြိုင်ကားအသင်းတွေရဲ့ ကားပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်းက ကွိုင်မ်ဘက်တိုရီမြို့မှာ ကျင်းပတဲ့ သုံးရက်ကြာ ပြိုင်ပွဲကို နိုင်ငံတဝန်းက အမျိုးသမီး ၆၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲက လက်ရွေးစင် အမျိုးသမီး ပြိုင်ကားသမား ၆ ယောက်ဟာ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ဂျေကေ တာယာ အမျိုးသား ပြိုင်ကား ချန်ပီယံရှစ်မှာလည်း အစွမ်းပြ မောင်းနှင်ခွင့် ရကြမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် ပထမဆုံးအကြိမ် သီးသန့်ကျင်းပတဲ့ ကာရီမော်တော် ကားမောင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရီတီကာ အိုဘာရိုင်က ပြိုင်ပွဲဝင်တွေ အနေနဲ့ အကြောက်တရားနဲ့ စိုးရိမ်မှုတွေကို ကျော်လွှားဖို့ သတ္တိမျိုး မဖြစ်မနေ လိုအပ်တယ်လို့ ပြောပါတယ်။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ဟာ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။

အိန္ဒိယဟာ ဖော်မြူလာဝမ်း ကမ္ဘာကျော် ကားမောင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ Force India ကိုယ်စားပြုရာ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အသင်းဟာ ဗြိတိန်မှာ အခြေစိုက်ပါတယ်။ ဖော်မြူလာဝမ်း အဆင့်မှာ ပါဝင်ယှဉ်ပြိုင်ဖူးတဲ့ အိန္ဒိယ နိုင်ငံသား ပြိုင်ကားမောင်းသမားတော့ မရှိသေးဘူးလို့ သိရပါတယ်။

Recommended