7 July ေအာက္ေမ့ဖြယ္အထိမ္းအမွတ္အျဖစ္ ခ်ီတက္အေလးျပဳ ဇူလိုင္ - ၇ ၊၂၀၁၈ ( ၅၆ )ႏွစ္ျပည္ ႕ 7 JULY ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ကို ဒီကေန႕ မနက္ပိုင္းက ရန္ကုန္ တကၠသိုလ္ဝင

  • 6 years ago
7 July ေအာက္ေမ့ဖြယ္အထိမ္းအမွတ္အျဖစ္ ခ်ီတက္အေလးျပဳ

ဇူလိုင္ - ၇ ၊၂၀၁၈

( ၅၆ )ႏွစ္ျပည္ ႕ 7 JULY ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ကို ဒီကေန႕ မနက္ပိုင္းက ရန္ကုန္ တကၠသိုလ္ဝင္းအတြင္းမွာ ျပဳလုပ္ခဲ့ပါတယ္။

ေက်ာင္းသားသမဂၢအဖြဲ႕ေတြ ဟာ ျပည္လမ္း စိုက္ပ်ိဳးေရး မွတ္တိုင္ကေန ရန္ကုန္တကၠသိုလ္ဝင္းအတြင္း မွာ ရိွတဲ့ ဗုိလ္ေအာင္ေက်ာ္ ေက်ာက္တိုင္ထိ လမ္းေလွ်ာက္ခ်ီတက္အေလးျပဳ ၿပီး ပန္းေခြ ခ်ခဲ့ၾကတာပါ။

ဒီကေန႔ ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ ကိုေတာ့ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္ ) ၊ ဗကသမ်ားအဖြဲ႕ခ်ဳပ္ နဲ႕ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ အဖြဲ႕တို႕တက္ေရာက္ခဲ့ၾကၿပီး ေၾကျငာခ်က္ေတြထုတ္ျပန္ခဲ့ၾကပါတယ္။

၁၉၆၂ ခုႏွစ္ ဇူလုိင္ ၇ ရက္က က်ဆုံးသြားတဲ့ ရဲေဘာ္ေတြအတြက္ရည္ရြယ္ၿပီး လာေရာက္ဦးညြတ္အေလးျပဳျခင္းျဖစ္ကာ အရင္ေက်ာင္းသားမ်ဳိးဆက္ေတြအတုိင္း အာဏာရွင္ဆန္႔က်င္ေရးတာ၀န္ကုိ ဆက္လက္ထမ္းေဆာင္သြားမယ္လို႔ ဆိုၾကပါတယ္ ။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး

#ဆဲဗင္းဂ်ဴလိုင္ #ေက်ာင္းသား သမဂၢ #ဗိုလ္ေအာင္ေက်ာ္ #7DAY TV

(Unicode)

7 July အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ချီတက်အလေးပြု

ဇူလိုင် - ၇ ၊၂၀၁၈

( ၅၆ )နှစ်ပြည် ့ 7 JULY အောက်မေ့ဖွယ်အထိမ်းအမှတ်ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဟာ ပြည်လမ်း စိုက်ပျိုးရေး မှတ်တိုင်ကနေ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း မှာ ရှိတဲ့ ဗိုလ်အောင်ကျော် ကျောက်တိုင်ထိ လမ်းလျှောက်ချီတက်အလေးပြု ပြီး ပန်းခွေ ချခဲ့ကြတာပါ။

ဒီကနေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် ကိုတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ၊ ဗကသများအဖွဲ့ချုပ် နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့တို့တက်ရောက်ခဲ့ကြပြီး ကြေငြာချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်ရည်ရွယ်ပြီး လာရောက်ဦးညွတ်အလေးပြုခြင်းဖြစ်ကာ အရင်ကျောင်းသားမျိုးဆက်တွေအတိုင်း အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဆိုကြပါတယ် ။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

#ဆဲဗင်းဂျူလိုင် #ကျောင်းသား သမဂ္ဂ #ဗိုလ်အောင်ကျော် #7DAY TV

Recommended