နှစ်လေးဆယ်ကျော်ကာလ ကျောင်းသားဖြတ်သန်းမှုသမိုင်းကို ပြဇာတ်ကမယ်ဇူလိုင် - ၄ ၊၂၀၁၈ ၁၉၂၀ ကနေ ၁၉၆၂ ခုနှစ် ကာလတွေအတွင်းမှာ ကျောင်းသားတွေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်ြးေ

  • 6 years ago
နှစ်လေးဆယ်ကျော်ကာလ ကျောင်းသားဖြတ်သန်းမှုသမိုင်းကို ပြဇာတ်ကမယ်

ဇူလိုင် - ၄ ၊၂၀၁၈

၁၉၂၀ ကနေ ၁၉၆၂ ခုနှစ် ကာလတွေအတွင်းမှာ ကျောင်းသားတွေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်း ကို ပြဇာတ်အဖြစ် ဒဂုံတက္ကသိုလ်မှာ ကပြ တင်ဆက်သွားမယ်လို့ သိရပါတယ်။
လာမယ့်ဇူလိုင်လ ၆ ရက်မှာ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဒီပြဇာတ်ကို တင်ပြသွားမှာပါ။
ပြဇာတ်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ခံရပုံတွေကို ဟောပြောသွားမယ်လို့ သိရပါတယ်။

ကျောင်းသားသမိုင်း ပြဇာတ်ကပြဖို့ ကျောင်းကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရပေမယ့် ဆရာ၊ ဆရာမတွေရဲ့ အားပေးမှုတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြဇာတ်ကို 7 july မှာ ကပြဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း အဲဒီနေ့မှာ ကျောင်းသားတွေစုပေါင်းပြီး ချီတက်အလေးပြုဖို့ အစီအစဉ်တွေ ရှိတာကြောင့် ၊ ဇူလိုင် ၆ ရက်နေ့ကိုပြောင်းလဲ ကပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြဇာတ်အတွက် တက္ကသိုလ်ကကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်က ပါဝင်အားဖြည့်ထားတာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Recommended