MPT က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်အတွက် အုပ်စုလိုက် လက်ဆေးကန် ဖွင့်လှစ်ပွဲအခမ

  • 6 years ago
MPT က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်အတွက် အုပ်စုလိုက် လက်ဆေးကန် ဖွင့်လှစ်ပွဲအခမ်းအနားကိုပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်က အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၊ ရဲပေါက်ချောင်း မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်ရဲ့  ရည်ရွယ်ချက်ကတော့ ကျောင်းသားလူငယ်တွေအကြားမှာ တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အထဖြစ်တဲ့ လက်သန့်ရှင်းရေးကို နည်းစနစ်မှန်မှန်နဲ့ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ MPT အနေနဲ့ ဒီအစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ညှိနှိုင်းမှုနဲ့အတူ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာရှိတဲ့ မူလတန်းကျောင်း (၁၅) ကျောင်းမှာ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။
MPT အနေနဲ့ “နှလုံးသားထဲကမြန်မာ” လှုပ်ရှားမှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အခုလိုကျောင်းတွေရဲ့ လိုအပ်နေတဲ့ ရေလှောင်ကန်တွေ၊ လက်ဆေးကန်တွေနဲ့ ရေစုပ်စက်တွေကို လှူဒါန်းပေးတာဖြစ်ပြီး အခုအစီအစဉ်ကတစ်ဆင့် လက်ဆေးကန်နဲ့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေအတွက် ငွေကျပ်သိန်း ၈၀၀ ကျော်ကို အသုံးပြုခဲ့ပါတယ်။ ဒီနေ့အခမ်းအနားရဲ့  ပုံရိပ်တွေကို MPT ပရိသတ်တွေ သိရှိနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

MPT held the first opening ceremony of Hand Wash Programme in collaboration with Public
Health Department, Ministry of Health and Sports at No (8), Basic Education Primary
School, Ye Pauk Chaung in Miektila Township, Mandalay Region. The campaign is aimed at improving hygiene and promoting good health practices across students from 15 basic education primary schools in Mandalay Region, Mon State, and Kayin State.
As one of the MPT's 'Myanmar In Our Heart' initiative, this program spent more than 80 million MMK to provide water tanks, group hand washing concrete facilities to above schools in this year. We would like to share the photos of today's event.

Recommended