ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲေၾကာင့္ ပုဂံသားျဖစ္ခဲ့ရတဲ့ ေဒါင္း ဇူလိုင္ - ၁၂ ၊၂၀၁၈ အပိုင္း ၂၀ ပါဝင္တဲ့ ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲေၾကာင့္ ေလးလေလာက္ ပုဂံသားျဖစ္ခဲ့ရတယ္လို

  • 6 years ago
ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲေၾကာင့္ ပုဂံသားျဖစ္ခဲ့ရတဲ့ ေဒါင္း

ဇူလိုင္ - ၁၂ ၊၂၀၁၈

အပိုင္း ၂၀ ပါဝင္တဲ့ ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲေၾကာင့္ ေလးလေလာက္ ပုဂံသားျဖစ္ခဲ့ရတယ္လို႔လည္း ဇာတ္လမ္းတြဲမွာပါဝင္တဲ့ ေဒါင္းက ဖြင့္ဟလာပါတယ္။

ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲဟာ ပုဂံတစ္ၿမိဳ႕လံုးရဲ႕အလွအပေတြနဲ႔ အခ်စ္ဝတၱဳဇာတ္လမ္းတစ္ပုဒ္အျပင္ စိတ္ဝင္စားစရာျမွဳပ္ကြက္ေတြပါဝင္တာေၾကာင့္ ဇာတ္လမ္းတြဲမထုတ္လႊင့္ခင္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတာလည္းျဖစ္ပါတယ္။

ေဒါင္းအေနနဲ႔ ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲဟာ သူ႔ရဲ႕ပထမဆံုးဇာတ္လမ္းတြဲျဖစ္တာေၾကာင့္ ပရိသတ္ေတြေစာင့္ေမွွ်ာ္ရက်ိဳးနပ္ေအာင္ သရုပ္ေဆာင္ထားတယ္လု႔ိ ဆိုပါတယ္။

ဒါရိုက္တာ အကယ္ဒမီေက်ာ္သူနဲ႔ လက္တြဲရိုက္ကူးရတဲ့အေပၚမွာလည္း အႏုပညာနဲ႔ပတ္သက္ၿပီး အမ်ားႀကီးသင္ၾကားခြင့္ရသလို ဇာတ္လမ္းတြဲတစ္ခုလံုးကို အာရုံစူးစိုက္ၿပီး သရုပ္ေဆာင္ထားတယ္လို႔ ေဒါင္းကေျပာပါတယ္။

ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲကို MRTV – 4 ရုပ္သံလိုင္းကေန ထုတ္လႊင့္မွာျဖစ္ၿပီး သရုပ္ေဆာင္ ေဒါင္း၊ ထူးေအာင္၊ ေမျမင့္မိုရ္နဲ႔ တျခားအႏုပညာရွင္မ်ားစြာက ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#ပုဂံၿမိဳ႕သူ #ေဒါင္း #ဇာတ္လမ္းပြဲ #7DAY TV

(Unicode)

ပုဂံမြို့သူဇာတ်လမ်းတွဲကြောင့် ပုဂံသားဖြစ်ခဲ့ရတဲ့ ဒေါင်း

ဇူလိုင် - ၁၂ ၊၂၀၁၈

အပိုင်း ၂၀ ပါဝင်တဲ့ ပုဂံမြို့သူဇာတ်လမ်းတွဲကြောင့် လေးလလောက် ပုဂံသားဖြစ်ခဲ့ရတယ်လို့လည်း ဇာတ်လမ်းတွဲမှာပါဝင်တဲ့ ဒေါင်းက ဖွင့်ဟလာပါတယ်။

ပုဂံမြို့သူဇာတ်လမ်းတွဲဟာ ပုဂံတစ်မြို့လုံးရဲ့အလှအပတွေနဲ့ အချစ်ဝတ္တုဇာတ်လမ်းတစ်ပုဒ်အပြင် စိတ်ဝင်စားစရာမြှုပ်ကွက်တွေပါဝင်တာကြောင့် ဇာတ်လမ်းတွဲမထုတ်လွှင့်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။

ဒေါင်းအနေနဲ့ ပုဂံမြို့သူဇာတ်လမ်းတွဲဟာ သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေစောင့်မျှှော်ရကျိုးနပ်အောင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ အကယ်ဒမီကျော်သူနဲ့ လက်တွဲရိုက်ကူးရတဲ့အပေါ်မှာလည်း အနုပညာနဲ့ပတ်သက်ပြီး အများကြီးသင်ကြားခွင့်ရသလို ဇာတ်လမ်းတွဲတစ်ခုလုံးကို အာရုံစူးစိုက်ပြီး သရုပ်ဆောင်ထားတယ်လို့ ဒေါင်းကပြောပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲကို MRTV – 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ ထူးအောင်၊ မေမြင့်မိုရ်နဲ့ တခြားအနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#ပုဂံမြို့သူ #ဒေါင်း #ဇာတ်လမ်းပွဲ #7DAY TV

Recommended