NCA ကို ရှောင်လွဲလို့မရဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ဆိုဇူလိုင် -၁၃ ၊ ၂၀၁၈ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတာဟာ တရု

  • 6 years ago
NCA ကို ရှောင်လွဲလို့မရဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ဆို

ဇူလိုင် -၁၃ ၊ ၂၀၁၈

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတာဟာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို လိုလားလို့သာဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်ကောရှန်း ကပြောလိုက်ပါတယ်။

ဒါအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိုရှောင်လွဲ လို့ မရဘူးလို့လည်းပြောပါသေးတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ မစ္စတာဆွန်ကောရှမ်းဟာမြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စကားပြန်ကတဆင့် သတင်းမီဒီယာတွေကို ဖြေကြားထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Recommended